Trending Now

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့အရေးယူမယ် အစီအစဉ်ကြောင့် ကုလသမဂ္ဂ အကြီးအကဲအကြီးအကျယ်စိတ်ပူနေ

Spread the love

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့အရေးယူမယ် အစီအစဉ်ကြောင့် ကုလသမဂ္ဂ အကြီးအကဲအကြီးအကျယ်စိတ်ပူနေ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆို့အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အလွန်စိတ်မကောင်းဖြစ်မိကြောင်း အောက်တိုဘာ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

“ဂါဇာကမ်းမြှောင်ကို ပြီးပြည့်စုံအောင် ဝိုင်းရံထားတဲ့ အစ္စရေးက လျှပ်စစ်မီး၊ အစားအစာနဲ့ လောင်စာဆီတွေကိုပါ လုံးဝပေးမဝင်ဘူးဆိုတဲ့ ဒီနေ့ ကြေငြာချက်ကြောင့် ကျွန်တော် အလွန်စိတ်မကောင်းဖြစ်မိပါတယ်” လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

အစ္စရေးစစ်တပ်က မကြုံစဖူးသော အရန်တပ်သား ၃၀၀,၀၀၀ ကို ဆင့်ခေါ်ထားပြီး ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အားလုံးပိတ်ဆို့ထားတယ်လို့ အစ္စရေးက ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုမတိုင်မီကပင် ဂါဇာရဲ့ အခြေအနေဟာ အလွန်ဆိုးရွားနေပြီး လက်ရှိအခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာအဖြစ် ရောက်ရှိသွားပြီလို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

လက်ရှိဂါဇာဒေသမှာ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ အစားအစာနဲ့ အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေတာကို သတိပြုမိကြောင်းနဲ့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လွယ်ကူချော့မွေ့စွာ ဝင်ရောက်နိုင်စေရမယ်လို့ မစ္စတာ ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

“ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းအရပ်သားတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့ ဘက်ပေါင်းစုံနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကုလသမဂ္ဂက တိုက်တွန်းပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်သေနတ်သမားတွေဟာ စနေနေ့က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီး နယ်စပ်ခြံစည်းရိုးတွေကို ဖြတ်ကျော်ဝင်ရောက်ကာ ဓားစာခံဒါဇင်ပေါင်းများစွာကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးက ဆုတ်ခွာခဲ့တဲ့ နယ်မြေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ဖို့ စဉ်းစားနေပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။