Trending Now

ဝိုင်းမော်မြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဝိုင်းမော်မြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၂၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများကို မတ်လ ၂၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဝိုင်းမော်မြို့၊ ရပ်ကွက်(၂) (ကချင်စု)နေ ဘရန်နန် (ခ)ဘရန်အောင် ၏ နေအိမ်အား မူးယစ်သတင်းအရ ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၂၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၄ ဒဿမ ၄ သိန်း)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဘရန်နန် (ခ)ဘရန်အောင် (၅၄)နှစ်အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။