Trending Now

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးစိန်ခေါ်မှုဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

Spread the love

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးစိန်ခေါ်မှုဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

EPN
နိုင်ငံတကာ၊ မေ ၂၂

ဗြိတိန်ဝန်ကြီးချုပ် ရာရှီဆူနက်ခ် က တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး သို့သော်လည်း ဦးဆောင်စီးပွားရေး လုပ်ငန်းများတွင် လုံးဝခွဲမထွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မေ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် G7 ထိပ်သီးအစည်းအဝေးအပြီးတွင် ဆူနက်ခ် က တရုတ်နိုင်ငံသည် ပိုမို အာဏာရှင်ဆန်လာသလို နိုင်ငံတကာတွင် အခြေအနေ ပိုမိုခိုင်မာလာကြောင်း ပြောကြားခဲ့သည်။

G7 နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်သော်လည်း လုံးဝအဆက်ဖြတ်ခြင်းထက် အန္တရာယ်များကို လျှော့ချရန် အာရုံစိုက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်ခင်ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ် မကြာသေးမီက ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံပေါ် နှိမ့်ချမှုမပြုလုပ်သင့်ကြောင်း ဆူနက်ခ်က သဘောထားထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ပတ်သက်၍ ပိုမိုအားကောင်းသည့် တင်းမာမှုများမြင့်တက်လာချိန်တွင် ဆူနက်ခ်က တရုတ်နိုင်ငံအပေါ် ချဉ်းကပ်မှုဆိုင်ရာ သဘောထားကို ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ၊ ကုန်သွယ်မှုနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော နယ်ပယ်များတွင် ထိတွေ့ဆက်ဆံမှုများ ပါဝင်သည်။

ထို့အပြင် ရုရှားနှင့် ပဋိပက္ခအတွင်း ယူကရိန်းလေယာဉ်မှူးများအား ဗြိတိန်က လေ့ကျင့်ပေးမည်ဟု ကြေညာခဲ့ပြီး ယူကရိန်းဘက်မှ ရေရှည်ရပ်တည်ရန် ကတိကဝတ်ကို အချက်ပြခဲ့သည်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။