Trending Now

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာ အင်းအားပြင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွား

Spread the love

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာ အင်းအားပြင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွား

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ ဒီနေ့ မနက်ပိုင်းက ပင်လယ်ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပေမယ့် ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်သေဆုံးမှုသတင်းတွေ ချက်ချင်းမရရှိသေးပါဘူးလို့ ဝါရှင်တန်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ဟာ အာချေးပြည်နယ် ကမ်းရိုးတန်းခရိုင် ဆင်ကီမြို့ရဲ့ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာကို ဗဟိုပြုကာ အနက် ၃၇ ကီလိုမီတာ (၂၃ မိုင်) အကွာမှာ လုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အင်းအားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒ အေဂျင်စီက ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လူဦးရေ သန်း ၂၇၀ ကျော်နေထိုင်တဲ့ အင်ဒိုနီးရှားကွန်းစုနိုင်ငံဟာ မီးတောင်တွေနဲ့ ပြတ်ရွေ့ကြောတွေပေါ်မှာ တည်ရှိနေတာကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပြင်းအား ၅.၆ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့ရာ လူပေါင်း ၃၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀၀ နီးပါး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းကလည်း ဂျားဗားပြည်နယ် ဆူဝေလာစီမှာ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၄၃၄၀ သေဆုံးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အသေအပျောက်အများဆုံး သဘာဝဘေးဖြစ်ပါတယ်။

— ကိုးကား —
washingtonpost
ref; 6.2 earthquake shakes west Indonesia, no casualties reported

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။