Trending Now

နီပေါနိုင်ငံ လေယာဉ်ပျက်ကျမှု လူ ၆၈ ဦးသေဆုံး

Spread the love

နီပေါနိုင်ငံ လေယာဉ်ပျက်ကျမှု လူ ၆၈ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

နီပေါနိုင်ငံ အလယ်ပိုင်မှာ ယမန်နေ့ မနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူ ၆၈ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Yeti လေကြောင်းလိုင်းက ခရီးသည် ၇၂ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ မြို့တော် ခတ္တာမန်ဒူကနေ ခရီးသွားမြို့ဖြစ်တဲ့ နိုင်ငံအလယ်ပိုင်းက ပိုခါရာမြို့ကို ပျံသန်းနေချိန်မှာ ပျက်ကြမှုဖြစ်ပွားခဲ့တာပါ။

ပိုခါရာမြို့က လေယာဉ်ကွင်းကို ဆင်းကာနီးမှာ လေယာဉ်က မီးလောင်ကာ ပျက်ကျသွားခဲ့တာဖြစ်ပြီး အဆိုပါ မတော်တဆမှုကို စုံးစမ်းစစ်ဆေးဖို့အတွက် အဏာပိုင်တွေက အဖွဲ့တစ်ခုချက်ချင်း ဖွဲ့စည်းခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ သူတွေဟာ နီပေါ ၅၇ ဦး၊ အိန္ဒိယ ၅ ဦး၊ ရုရှား ၄ ဦး၊ တောင်ကိုးရီးယား ၂ ဦး၊ အာဂျင်တီးနား၊ အိုင်ယာလန်၊ ဩစတြေးလျ နဲ့ ပြင်သစ်တို့က တစ်ဦးစီပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဆေးရုံကိုပို့ဆောင်ထားပြီး အလောင်းတွေကို ဖော်ထုတ်စစ်ဆေးပြီးနောက် မိသားစုဝင်တွေထံကို လွဲပြောင်းပေးအပ်သွားမယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

နီပေါနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကတည်းက လေကြောင်း မတော်တဆမှုတွေကြောင့် လူပေါင်း ၃၅၀ ဦး သေဆုံးခဲ့ပြီး မတော်တဆမှုအများအပြားဟာ အထူးသဖြင့် ရာသီဥတု ရုတ်တရက် ဆိုးရွားမှု၊ လေယာဉ်ပြေးလမ်း ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Search resumes for four people missing in Nepal after deadly air crash
video-crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။