Trending Now

ဆန္ဒပြမှုတွေကြားမှာ အစ္စရေးဝန်ကြီးချုပ်က တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ရပ်ဆိုင်း

Spread the love

ဆန္ဒပြမှုတွေကြားမှာ အစ္စရေးဝန်ကြီးချုပ်က တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ရပ်ဆိုင်း

EPN
နိုင်ငံတကာ၊ မတ် ၂၈

အစ္စရေးဝန်ကြီးချုပ် တန်နေရာဟု က နိုင်ငံ့တရားစီရင်ကဏ္ဍကို ပြန်လည်ပြင်ဆင်မယ့် အငြင်းပွားဖွယ်အစီအစဉ်ကို တစ်လခန့်ကြာအောင် ရပ်ဆိုင်းထားမယ်လို့ တနင်္လာနေ့ညနေပိုင်းမှာ ကြေငြာခဲ့ပါတယ်။

တနင်္လာနေ့က ပါလီမန်အပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ အစ္စရေးတွေ စုဝေးပြီး ပြုပြင်မွမ်းမံမှုကို ကန့်ကွက်တဲ့အနေနဲ့ အထွေထွေသပိတ်ကို စတင်ခဲ့ပြီးနောက် ရုပ်မြင်သံကြား မိန့်ခွန်းမှာ သူက အခုလို မှတ်ချက်ပေးခဲ့တာပါ။

နေတန်ယာဟုက ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး “ကျယ်ပြန့်သော သဘောတူညီချက်တစ်ခုရရှိဖို့အတွက် ” ဥပဒေကို ဆိုင်ငံထားဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောကြားခဲ့ပြီး ဘယ်လိုပင်ဖြစ်စေ ဧပြီလ ၃၀ ရက်နေ့မှာ ပြန်လည်စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အစီအစဉ်ဟာ လွတ်တော်မှာ ဆွေးနွေးတာ ဒါမှမဟုတ် မဲပေးတာတွေ မရှိခဲ့တဲ့အတွက် ဆိုင်းငံတာ အစစ်အမှန်မဟုတ်ဘူးလို့ တန်နေရာဟုရဲ့ ကြေညာချက်ကို ဆန့်ကျင်သူတွေက ပယ်ချခဲ့ပါတယ်။

ဆန့်ကျင် ဆန္ဒပြသူတွေရဲ့ အဓိကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုလ် ဘာလိ့ဗ် က “ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ လက်ယာစွန်း မဟာမိတ်တွေက ဒီဥပဒေ ပြန်စဖို့ ကြံနေသရွေ့ ငါတို့ လမ်းပေါ်ထွက်မယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်တန်နေရာဟုရဲ့ မှတ်ချက်ကြောင့် လုပ်သားပေါင်း ၈ သိန်းကို ဦးဆောင်နေတဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂ က စီးပွားရေးကို ထိခိုက်စေတဲ့ အထွေထွေသပိတ်ကို အင်္ဂါနေ့မှာ အဆုံးသတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဏာရညွန့်ပေါင်းအဖွဲ့က အဆိုပြုပြီး တရားစီရင်ရေးအာဏာကို ချုပ်ကိုင်ဖို့ ရည်ရွယ်ထားတဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဥပဒေကြောင့် သောင်းနဲ့ချီတဲ့ လူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ စက်ရုံတွေ၊ ဘဏ်တွေ၊ ဈေးဝယ်စင်တာတွေ အပြင် ဒေသဆိုင်ရာ အာဏာပိုင်တွေ ပါဝင်ခဲ့ကြပြီး ဝန်ဆောင်မှုတွေကို ပိတ်ထားခဲ့ကြပါတယ်။

အလားတူ အစ္စရေးဆေးဘက်ဆိုင်ရာအသင်းကလည်း အစိုးရဆေးရုံတွေနဲ့ ဆေးခန်းအားလုံးကို တစ်ရက်ကြာ သပိတ်မှောက်ကြောင်း ကြေညာခဲ့ကြပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။