Trending Now

မြစ်ကြီးနားမှ ဖားကန့်သို့ သွားလာရာတွင်အသုံးပြုသည့် လုံးခင်းလမ်းကို ယနေ့မှစတင် ပြန်လည်ဖွင့်လှစ်

Spread the love

မြစ်ကြီးနားမှ ဖားကန့်သို့ သွားလာရာတွင်အသုံးပြုသည့် လုံးခင်းလမ်းကို ယနေ့မှစတင် ပြန်လည်ဖွင့်လှစ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၉ (၂၀၂၄)

ကချင်ပြည်နယ်တွင် မြစ်ကြီးနားမှ ဖားကန့်သို့ သွားလာရာတွင် အသုံးပြုသည့် ဒေသအခေါ် လုံးခင်းလမ်းပိုင်းကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် (၈)နာရီအချိန်ခန့်မှ စတင်ကာ ပြန်လည်သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ဖားကန့်မြို့နေ ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဖားကန့် – မြစ်ကြီးနား ဒေသအခေါ် လုံးခင်းလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကာ ၄ ရက်အကြာတွင် ပြန်လည်သွားလာခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကားလမ်းပိုင်း ပြန်လည်ဖွင့်ပေးလိုက်ခြင်းကြောင့် ဖားကန့်မြို့တွင်း ကုန်သွယ်ရေးများမှာလည်း ပြန်လည်အဆင်ပြေလာနိုင်မှာဖြစ်ကြောင်း လုံးခင်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

” စပိတ်တုန်းက ကုန်ပစ္စည်းတွေ မဝင်တော့ဘူးဆိုပြီး စျေးတွေထိုးတက်၊ လိုသလောက်လဲ မရောင်ပေး၊ ဒါတွေဖြစ်လာတယ်။ အခုလို ကုန်သွယ်ရေးတွေ ပြန်အဆင်ပြေသွားတော့ ဒေသခံတွေ အများကြီး အဆင်ပြေလာမှာ ဖြစ်တယ်။အတက်နိုင်ဆုံးတော့ ဒေသတစ်ခုမှာ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးက အရေးကြီးတော့ သက်ဆိုင်ရာအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားရင် ပြည်သူတွေအတွက် အဆင်ပြေတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ လုံးခင်းလမ်းပိုင်ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ နန့်ယားဂိတ်နှင့် လုံးခင်းဂိတ်တို့မှ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအပြင် ဖားကန့် – မြစ်ကြီးနား သွားလမ်းတစ်ခုဖြစ်သည့် ဒေသအခေါ် အင်းတော်ကြီးလမ်းကို ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယနေ့တိုင် ပိတ်ထားရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။