Trending Now

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနစီမံချက် (၁၇၃) ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃) သန်းကို ခွဲဝေထောက်ပံ့ပေးထား၍ ထိရောက်အောင်မြင်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

Spread the love

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနစီမံချက် (၁၇၃) ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃) သန်းကို ခွဲဝေထောက်ပံ့ပေးထား၍ ထိရောက်အောင်မြင်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးထား သည့် သုတေသနစီမံချက်(၁၇၃)ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃)သန်းကို ခွဲဝေထောက်ပံ့ပေးပြီးဖြစ်၍ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်းတွင် ထည့်သွင်း မှာကြားထားခြင်းဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက လက်တွေ့အသုံးချ သုတေသန (Implementation Research Grant) တွေအတွက် နှစ်စဉ် သုတေသနထောက်ပံ့ကြေးတွေ ပေးခဲ့ရာမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးထားတဲ့ သုတေသနစီမံချက်(၁၇၃)ခု အတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃)သန်းကို ခွဲဝေထောက်ပံ့ပေးပြီးဖြစ်တာကြောင့် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့အချိန်တွင် ကိုဗစ် – ၁၉ ရောဂါပိုး၊ သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ပိုးများ၊ မျိုးကွဲ၊ မျိုးရိုးဗီဇပြောင်း လဲမှုကြောင့် ရောဂါပြင်းထန်မှုများနှင့် ကပ်ရောဂါအသွင်ဖြစ်ပွားမှုများကို လက်တွေ့ရင်ဆိုင်နေကြရပြီ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မျိုးရိုးဗီဇပြောင်းလဲလာမှုများကို စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် လေ့လာရန်နှင့် ကာကွယ်ကုသရေးအတွက် သုတေသနစွမ်းဆောင်ရည် တိုးတက်မြင့်မားအောင် ကြိုးပမ်း ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် လိုအပ်ချက်များကို ဆက်လက်ပံ့ပိုးဖြည့်ဆည်း ပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တစ်ချိန်တည်းတွင် မကူးစက်တတ်သည့် ရောဂါများဖြစ်သည့် ကင်ဆာ၊ ဆီးချို၊ သွေးတိုးစသည့် ရောဂါများနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ထိထိ ရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်း မှုကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများကို ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းဆေး ပညာနှင့် ပတ်သက်သည့် လက်တွေ့အသုံးချ သုတေသနများမှတစ်ဆင့် ပြည်သူများ လက်တွေ့အကျိုးရှိစေရေးနှင့် မိမိတို့နိုင်ငံ၏ တိုင်းရင်းဆေး ပညာရပ်နှင့် တိုင်းရင်းဆေးဝါး ထုတ်ကုန်များ နိုင်ငံတကာကို ထိုးဖောက် နိုင်ရေးအတွက် တိကျခိုင်မာသည့် သုတေသနပြုထားသည့် အချက်အလက်များ ပိုမိုရရှိရန်အတွက်ကို တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။