Trending Now

ရုရှားနဲ့ ဘီလာရုစ် နည်းဗျူဟာမြောက် နျူလက်နက် ဖြန့်ကျက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့

Spread the love

ရုရှားနဲ့ ဘီလာရုစ် နည်းဗျူဟာမြောက် နျူလက်နက် ဖြန့်ကျက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့

EPN
နိုင်ငံတကာ၊ မေ ၂၆

ရုရှားနဲ့ ဘီလာရုစ်တို့ဟာ ဘီလာရုစ်နိုင်ငံမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်တွေ ဖြန့်ကျက်ချထားခွင့်ပြုရေး သဘောတူညီချက်ကို မေလ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအတွက် စစ်ရေးအရ အထောက်အပံ့တွေ တိုးမြင့်လာတဲ့အတွက် အနောက်နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ ဒီနှစ်အစောပိုင်းမှာ ဘီလာရုစ်မှာ တာတိုပစ်လက်နက်တွေ ဖြန့်ကျက်ချထားဖို့ ကြေညာခဲ့ပါတယ်။

အချိန်နှင့် လက်နက် အရေအတွက် အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် သိုလောင်ရုံတည်ဆောက်မှုတွေကို ဇူလိုင်လ ၁ ရက်နေ့မှာ အပြီးသတ်မယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

ဘီလာရုစ်မှာ နျူကလီးယားလက်နက် အရေအတွက် ဘယ်လောက်ထားရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် တာတိုပစ်ဒုံးကျည်တွေ နဲ့ အမြောက်ကျည်တွေအပါအဝင် နည်းဗျူဟာမြောက် နျူလက်နက် ၂၀၀၀ ခန့်ထားရှိမယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။

ဘီလာရုစ်သမ္မတ လူကာရှန်ကိုက “နျူကလီးယားလက်နက် လှုပ်ရှားမှု စတင်နေပြီ” လို့ အတည်ပြု ပြောကြားခဲ့ပေမယ့် နျူလက်နက်တစ်စုံတစ်ရာ ရောက်ရှိလာခြင်း ရှိမရှိကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။