Trending Now

ထိုင်ဝမ်ကို ဒေါ်လာ သန်း ၄၄၀ တန်ဖိုးရှိ ခဲယမ်းတွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

Spread the love

ထိုင်ဝမ်ကို ဒေါ်လာ သန်း ၄၄၀ တန်ဖိုးရှိ ခဲယမ်းတွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁

ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၄၄၀ တန်ကြေးရှိတဲ့ ခဲယမ်းမီးကျောက်တွေနဲ့ စစ်လက်နက်အစိတ်အပိုင်းတွေ ရောင်းချသွားဖို့ စီစဉ်ထားကြောင်း အမေရိကန်က ဇွန်လ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးတည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ဖို့ သိမ်သိမ်မွေ့မွေ့ လှုပ်ရှားနေချိန်မှာ ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ထိုင်ဝမ်ကို ၃၀ မီလီမီတာ ခဲယမ်းမီးကျောက်တွေ နဲ့ ဆက်စပ်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၂ သန်းဖိုး၊ ဘီးတပ်ယာဉ်တွေနဲ့ လက်နက်ပြုပြင်ရေးဆိုင်ရာ အပိုပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၈ သန်းဖိုး ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒီရောင်းချမှုဟာ ထိုင်ဝမ်ရဲ့ လုံခြုံရေးဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးတာဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှု၊ စစ်ရေးဟန်ချက်ညီမှုနဲ့ ဒေသတွင်းစီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေမယ်လို့ အေမရိကန်က ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် အမေရိကန် ထိပ်တန်းလွတ်တော်အမတ်တွေရဲ့ ထောက်ခံအားပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ထိုင်ဝမ်တစ်ဝိုက်က ရေပိုင်နက်အတွင်းမှာ စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

Ref; cna

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။