Trending Now
စစ်​ပွဲ၊ လက်​နက်​ကိုင်​ပဠိပက္ခများ​ကြောင့်​​ နှစ်​​ပေါင်း (၂၀)အတွင်း အမြင့်​ဆုံးဖြစ်​လာပြီး အသက်​ရှင်​သမျှသည်​ စိတ်​ဒဏ်​ရာ၊ ​ဒေါသ၊ ဒုက္ခိတစသည်​တို့ဖြင့်​တိုးပွား​နေ​တယ်​ ဟုဆို
Spread the love
စစ်​ပွဲ၊ လက်​နက်​ကိုင်​ပဠိပက္ခများ​ကြောင့်​​ နှစ်​​ပေါင်း (၂၀)အတွင်း အမြင့်​ဆုံးဖြစ်​လာပြီး အသက်
ရှင်​သမျှသည်​ စိတ်​ဒဏ်​ရာ၊ ​ဒေါသ၊ ဒုက္ခိတစသည်​တို့ဖြင့်​တိုးပွား​နေ​တယ်​ ဟုဆို
EPN
ဟိုပင်​၊ ဇွန်​ ၇
စစ်​ပွဲ၊ လက်​နက်​ကိုင်​ပဠိပက္ခများ​ကြောင့်​​ နှစ်​​ပေါင်း (၂၀)အတွင်း အမြင့်​ဆုံးဖြစ်​လာပြီး အသက်​ရှင်​သမျှသည်​ စိတ်​ဒဏ်​ရာ၊ ​ဒေါသ၊ ဒုက္ခိတစသည်​တို့ဖြင့်​တိုးပွား​နေ​တယ်​ဟု ရှစ်​​လေးလုံး​သွေးသစ်​(ငြိမ်းချမ်း​ရေးအ​ထောက်​အကူပြုအဖွဲ့)ဥက္ကဋ္ဌ ဖြစ်​သူ ဦးစိန်​​အေးက ပြောဆိုလိုက်​သည်​။
ငြိမ်းချမ်း​ရေးအသိပညာ​ပေးအမြင်​ဖွင့်​ လူထုနှီး​နှောဖလှယ်​ပွဲကိုဇွန်​လ ၆ ရက်​​နေ့မနက်​ ၉ နာရီအချိန်​မှ ည​နေ ၂း၃၀ အချိန်​အထိ၊ လက်​ရှိမြန်​မာနိုင်​ငံရဲ့ငြိမ်းချမ်း​ရေးဖြစ်​စဉ်​တွင်​ ကိုယ်​တိုင်​ပါ​ဆောင်​ရွက်​​နေ​သော ရှစ်​​လေးလုံး​သွေးသစ်​(ငြိမ်းချမ်း​ရေးအ​ထောက်​အကူပြု) အဖွဲ့ဝင်​များကငြိမ်းချမ်း​ရေးဖြစ်​စဉ်​များအ​ကြောင်းကို မျှ​ဝေ​ဆွေး​နွေးတင်​ပြခြင်းနှင့်​ တက်​​ရောက်​လာသူများက လက်​ရှိမြန်​မာနိုင်​ငံရဲ့ငြိမ်းချမ်း​ရေးဖြစ်​စဉ်​၏ သ​ဘောဆန္ဒအမြင်​များကိုဝိုင်းဝန်း​ဆွေ​နွေးခြင်းကိုအပိုင်း(၂)ခုခွဲကာဟိုပင်​မြို့ရှိဗုဒ္ဓသာသနည့မဟာစည်​ရိပ်​သာ​ကျောင်းတိုက်​တွင်​ပြုလုပ်စဉ်​ ​ခုလို​ပြော ဆိုလိုက်​ခြင်း ဖြစ်​သည်​။
၂၀ ရာစုအတွင်း လက်​နက်​ကိုင်​ ပဠိပက္ခများ​ကြောင့်​ အရပ်​သားများထိခိုက်​နစ်​နာမှုများပိုမိုများပြားလာ​နေပြီး လူဦး​ရေသန်း(၁၆၀)တို့သည်​စစ်​ပွဲ၊ လက်​နက်​ကိုင်​ပဠိပက္ခများ​ကြောင့်​​ သေ​ကြေကြရ​ကြောင်း၊ အရပ်​သား​သေ​ကြေမှုများလည်း (၁၀%)မှ(၉၀%)သို့ မြင့်​တက်​လာ​ကြောင်းနှင့်​ တစ်​ရက်​လျှင်​ အရပ်​သား​သေ​ကြေမှု ပျှမ်းမျှ (၃၀၀၀)မြင့်​တက်​လာ​မှုအပြင်လူဦး​ရေ​(၄၅.၂)သန်းခန့်​မှာ၂၀၁၂ ခုနှစ်​အဆုံးပိုင်းတွင်​ အတင်းအဓမ္မ​ရွေ့​ပြောင်းခြင်းခံ​ရသည်​။ နှစ်​​ပေါင်း(၂၀)အတွင်းအမြင့်​ဆုံးဖြစ်​လာပြီး အသက်​ရှင်​သမျှသည်​စိတ်​ဒဏ်​ရာ၊ ​ဒေါသ၊ ဒုက္ခိတစသည်​တို့ဖြင့်​တိုးပွား​နေ​ကြောင်း၊ အဆိုပါအဖွဲ့မှဥက္ကဋ္ဌက ပြောဆိုခဲ့သည်​။
အဆိုပါ လူထုနှီး​နှောဖလှယ်​ပွဲ၏​ မျှော်​မှန်းချက်​မှာ ငြိမ်းချမ်း​ရေးတည်​​ဆောက်​ရာတွင်​ မြန်​မာနိုင်​ငံ​တော်​အတွင်းရှိပြည်​သူများတက်​စွမ်းနိုင်​​သောအခန်းကဏ္ဏမှပူး​ပေါင်းပါဝင်​လာနိုင်​​စေရန်​ဖြစ်​ပြီး(၁)မြန်​မာနိုင်​ငံ၏ငြိမ်းချမ်း​ရေးတည်​​တောက်​ရာတွင်​ပြည်​သူလူထုများပူး​ပေါင်းပါဝင်​နိုင်​သည့်​အသိပညာများသိရှိ​စေရန်​(၂)မြန်​မာနိုင်​ငံ၏ငြိမ်း​ချမ်း​ရေးဖြစ်​စဉ်​ကိုပြည်​သူလူထုသိရှိ​စေရန်​(၃)တစ်​နိုင်​ငံလုံးပစ်​ခတ်​တိုက်​ခိုက်​မှုရပ်​စဲ​ရေးစာချုပ်​(NCA)အ​ကြောင်းကိုသိရှိ​စေရန်​ရည်​ရွှယ်​၍ ပြုလုပ်​ခြင်းဖြစ်​​ကြောင်း သိရသည်​။
ငြိမ်းချမ်း​ရေးအသိပညာ​ပေး​လူထုနှီး​နှောဖလှယ်​ပွဲတွင်​(၁)ငြိမ်းချမ်း​ရေးသည်​ဘယ်​သူ​တွေနှင့်​သက်​ဆိုင်​​နေသလဲ။ဘယ်​သူ​တွေအတွက်​ဖြစ်​သလဲ။(၂)ဘာ​ကြောင့်​ငြိမ်းချမ်း​ရေးလိုအပ်​ပါသလဲ။ဘယ်​သူ​တွေနဲ့ပတ်​သက်​​နေပါသလဲ။(၃)ငြိမ်းချမ်း​ရေးနဲ့ပြည်​သူ​တွေရဲ့အခန်းကဏ္ဏကဘာ​တွေလဲ၊ ပါဝင်​ရမယ့်​အခန်းကဏ္ဏကဘာ​တွေလဲ။(၄)ငြိမ်းချမ်း​ရေးအတွက်​ဘယ်​လိုဆန္ဒသ​ဘောထား​တွေရှိပါသလဲ စသည့်​​ခေါင်းကြီး ၄ ခုဖြင့်​​ဆွေး​နွေးကြသည်​။
ယ​နေ့ပြု လုပ်​သည့်​ဟိုပင်​​ဒေသမှပြည်​သူများ၏ငြိမ်းချမ်း​ရေးအသိပညာ​ပေးအမြင်​ဖွင့်​လူထုနှီး​နှောဖလှယ်​ပွဲမှ​ထွက်​​ပေါ်လာ​သည့်​ပြည်​သူ့ဆန္ဒသ​ဘောထားများကိုသက်​ဆိုင်​ရာသို့တင်​ပြသွားမည်​ဖြစ်​​ကြောင်းသိရပြီး၊ အဆိုပါ​ဆွေး​နွေးပွဲသို့​ဌာ​နေတိုင်းရင်းသားများ၊ ခရိုင်​မြို့နယ်​ဌာနဆိုင်​ရာဝန်​ထမ်းတချို့နှင့်​ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူးများ၊ အရပ်​ဘက်​လူမှုအဖွဲ့အစည်းများ၊NGO များနှင့်​ သတင်းမီဒီယာများတက်​​ရောက်​ကြသည်​။
မိုးဟိန်း
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။