Trending Now


Spread the love

 

(​ဆောင်း ပါး)


































၁၃ ၊ ၂ ၊ ၂၀၁၉

 
 
” မည် သူ မ ပြု မိ မိ မှု မို့ စိုး ရိမ် တယ် “
(ဆောင်း ပါး)

လက် ရှိ အ စိုး ရ NLD ဆို တာ အ ခက် အ ခဲ အ မျိုး မျိုး ကြား က ပေါ် ထွက် လာ တဲ့ အ စိုး ရ အ ဖွဲ့ ဖြစ် ပါ တယ် ။

နှစ် ပေါင်း များ စွာ စစ် အ စိုး ရ ကို တိုက် ထုတ် ခဲ့ ရ ပြီး ပေး ဆပ် မှု တွေ လည်း လုပ် ခဲ့ ရ တယ် ။

ဒါ ကြောင့် လွတ် လွတ် လပ် လပ် ပြည် သူ ကို ရွေး ချယ် ခွင့် ပေး လိုက် တာ နဲ့ တစ် နိုင် ငံ လုံး ထောက် ခံ လိုက် ကြ လို့ အ စိုး ရ ဖွဲ့ နိုင် ခဲ့ ခြင်း ဖြစ် တယ် ။

လက် ရှိ အ စိုး ရ တာ ဝန် ထမ်း ဆောင် နေ ကြ တဲ့ သူ တွေ က လည်း လေ့ လာ သင် ယူ ရ မယ့် အ ချိန် မှာ ထောင် ထဲ မှာ ပဲ နေ ခဲ့ ရ သ လို ဖြစ် ခဲ့ တော့ အုပ် ချုပ် ရေး ၊ စီး ပွား ရေး အ စ စ မ ကျွမ်း ကျင် ကြ ပါ ဘူး ။

ဒီ လို တွေ ကြောင့် လည်း မြန် မာ နိုင် ငံ လက် ရှိ ဖြစ် ပျက် နေ တာ တွေ ကို ပြည် သူ တွေ က သည်း ညဉ်း ခံ ရင်း နား လည် ပေး နေ ခဲ့ ကြ ပါ တယ် ။ တစ် ဖက် က လည်း တတ် သိ နား လည် တဲ့ သူ တွေ က ထောက် ပြ ဝေ ဖန် အ ကြံ ပြု ရင်း တတ် နိုင် သ လောက် ဝိုင်း ဝန်း ပံ့ ပိုး ပေး နေ ခဲ့ ကြ တယ် ။

အဲ့ လို လုပ် နေ ၊ ဖြစ် နေ ကြ တာ ဒီ မို က ရေ စီ ဆို တဲ့ စ နစ် ပျက် ဆီး သွား မှာ စိုး လို့ နဲ့ ပြည် သူ ပြည် သား အား လုံး မျှော် လင့် နေ တဲ့ လွတ် လပ် ပြီး တိုး တက် တဲ့ နိုင် ငံ ဖြစ် စေ ချင် လို့ ပဲ ။

ှဒီ လို နဲ့ လျှောက် လှမ်း လာ ခဲ့ ကြ တာ အ စိုး ရ သက် တမ်း ၃ နှစ် ပြီး ခဲ့ တယ် ။

သ တိ ထား မိ တဲ့ အ ထဲ က NLD အ စိုး ရ ရဲ့ အ မှား လို ဖြစ် စေ ခဲ့ တာ က စီး ပွား ရေး ကို နိမ့် ကျ သ လို ဖြစ် သွား စေ လို့ ပဲ ဖြစ် ပါ တယ် ။

ဒီ နေ ရာ မှာ သ တိ ထား ရ မှာ က စီး ပွား ရေး မ ကောင်း ရင် ဆွေ မျိုး သား ချင်း တောင် အ သိ အ မှတ် ပြု ကြ တော့ တာ မ ဟုတ် ဘူး ဆို တာ အ မျိုး မ တော် တဲ့ ကိုယ် စား လှယ် ကြီး တွေ သ တိ ပြု မိ ဖို့ လို တယ် ။

မ ဆ လ လက် ထက် နောက် ပိုင်း ထောက် ခံ မှု အ များ ဆုံး ရ ခဲ့ တဲ့ အ စိုး ရ ဖြစ် တဲ့ NLD အ စိုး ရ ဟာ အ စိုး ရ အ ဖွဲ့ အ တွက် ကြို တင် မ ပြင် ဆင် ခဲ့ ပါ ဘူး ။ အ စိုး ရ ဖြစ် စေ မယ့် အ မတ် တွေ ရွေး ချယ် တာ က အ စ နိုင် ငံ ကို ” ဝုန်း ” က နဲ့ ရုန်း ပြ လိုက် မယ် လို့ ဆို တဲ့ သ ဘော ထက် အ နစ် နာ ခံ ခဲ့ တဲ့ သူ ဆို တဲ့ လူ တွေ ကို သာ တစ် ခါ နေ ရာ ပေး လိုက် အုံး မယ် လို့ ပြည် သူ တစ် ချို့ တွေ စိတ် ထဲ ထင် လာ အောင် ပြု လုပ် ခဲ့ သ လို ဖြစ် လာ ခဲ့ ပါ တယ် ။

ဒါ ကို လည်း နား လည် ပေး နိုင် ကြ ပြီး နောက် ပိုင်း ပို ကောင်း လာ မှာ ပေါ့ ဆို တဲ့ စိတ် နဲ့ ဆက် အား ပေး နေ ကြ ပေ မယ့် ကြား နေ တ တိ ယ တန်း စား လူ နဲ့ ခက် ခဲ လာ တဲ့ သူ တွေ အ နည်း ငယ် တွေ ဝေ လာ ကြ တယ် ။ သူ တို့ တွေ ဝေ လာ တဲ့ အ ကြောင်း ကို ၂၀၁၈ ကြား ဖြတ် ရွေး ကောက် ပွဲ မှာ ပြ ခဲ့ ကြ တယ် ။

လက် ရှိ အ စို ရ အ တွက် အ ရေး ကြီး တဲ့ အ ချက် က တော့ တွေ ဝေ ပြီး မဲ မ ပေး တော့ တဲ့ သူ တွေ ၂၀၂၀ မှာ သူ များ ကို မဲ မ ပေး လိုက် စေ ဖို့ ပဲ ဖြစ် ပါ တယ် ။

လက် ရှိ အ စိုး ရ ရဲ့ အ တိုက် အ ခံ ပါ တီ က ကြံ့ ခိုင် ရေး ပါ တီ ဖြစ် ပြီး လက် ရှိ အ ချိန် မှာ ကြံ့ ခိုင် ရေး ပါ တီ အ ရင် ကာ လ က အ မှား ကျူး လွန် မိ ခဲ့ တာ တွေ ရယ် ကြောင့် ပြိုင် ဖက် အ ဖြစ် ဖြစ် မ လာ သေး ဘူး ။

ဒါ ပေ မဲ့ ကြံ့ ခိုင် ရေး ပါ တီ ဟာ ငွေ အင် အား လူ အင် အား အ စ စ အ ရာ ရာ NLD ထက် သာ ပါ တယ် ။ ထောက် ခံ မှု အင် အား သာ NLD ကို မ မှီ တာ ဖြစ် ပါ တယ် ။

လက် ရှိ အ နေ အ ထား ကို နည်း နည်း ထောက် ပြ ပါ မယ် ။

၂၀၁၈ ကြား ဖြတ် မှာ ပြည် နယ် တွေ မှာ NLD မဲ မ ရ ခဲ့ ဘူး ။ ရန် ကုန် မှာ လည်း တစ် နေ ရာ ပါ သွား တယ် ။ ပါ သွား တဲ့ နေ ရာ က NLD ရဲ့ နေ ရာ ကို ပြိုင် ဖက် ကြံ့ ခိုင် ရေး က ရ သွား တာ ။

အ ပြင် မှာ ကြား ရ တာ နဲ့ ဖြစ် နေ တာ တွေ ကို အ မှန် အ တိုင်း ပြန် ပြော ပါ မယ် ။

အ ရင် ဆိပ် ကမ်း နယ် မြေ က သေ သွား တဲ့ အ မတ် က သာ မန် လူ တစ် ယောက် ဖြစ် တယ် လို့ ပြော တယ် ။ အဲ့ ဒီ နေ ရာ ကို ဝင် ပြိုင် တဲ့ NLD အ မတ် က အ ရေး အ ခင် တုန်း က သ မ ဂ္ဂ တစ် ခု ရဲ့ ဥ က္က ဌ လို့ ပြော တယ် ။ ဒါ ပေ မဲ့ မဲ ဆ န္ဒ ရှင် တွေ က သူ့ ကို မဲ မ ပေး တော့ ဘူး ။

ဘာ ဖြစ် လို့ လဲ ဆို တော့ ဖြတ် သန်း လာ တဲ့ ၂ နှစ် ကျော် အ တွင်း မှာ တိုင်း ပြည် တည် ဆောက် ဖို့ တော် လှန် ရေး သ မား ၊ အ ပြော အ ဟော ကောင်း သ မား များ ထက် ထက် နား လည် တတ် ကျွမ်း တဲ့ စီး ပွား ရေး သ မား ၊ ပ ညာ တတ် ကို ပို လို အပ် တယ် ဆို တဲ့ ခံ စား ချက် ကို ရ သွား ကြ လို့ ပါ ပဲ ။ ဒီ အ ချက် ကို NLD တာ ဝန် ရှိ တွေ သ တိ လက် လွတ် မ ဖြစ် သင့် ဘူး ။

၂၀၁၈ ပြည် နယ် တွေ မှာ NLD မဲ မ ရ တာ တောင် လွိုင် ကော် မှာ ဗိုလ် ချုပ် ကြေး ရုပ် ကိ စ္စ နဲ့ ရဲ က ရော် ဘာ ကျည် ဆံ တွေ နဲ့ ပစ် ခတ် ကြ တဲ့ ကိ စ္စ ဖြစ် လာ တယ် ။ မော် လ မြိုင် ချောင်း ဆုံ ကိ စ္စ ကြောင့် မွန် ပြည် နယ် မှာ ၂၀၂၀ အ တွက် စိုး ရိမ် နေ ရ တာ မ ကြာ သေး ဘူး အ ခု က ယား ပြည် နယ် မှာ ထပ် ဖြစ် တယ် ။

ကိုယ့် ဖက် ပါ တော့ အ ကောင်း ၊ ကိုယ် မ ကောင်း ဖြစ် တော့ သူ တို့ ဆို တာ သ ဘာ ဝ မ ကျ ဘူး ။ ဒါ မျိုး လည်း ရှောင် သင့် တယ် ။

ရန် ကုန် မှာ လောင်း က စား ဝိုင်း ဝင် ဖမ်း တော့ ပြည် သူ့ အ စိုး ရ ကွ ဘယ် ခေတ် မှာ မှ မ ကြား ဖူး ဘူး လုပ် ပြီး ရော် ဘာ ကျည် တွေ နဲ့ လည်း ပစ် ရော ပြည် ထဲ ရေး ကို ဆဲ တော့ တာ ပဲ ။

ဒါ တွေ အား လုံး က အ စိုး ရ အ ပေါ် မှာ ပဲ တည် နေ မှာ မ ဟုတ် ဘူး လား ။

ဒီ လို ဖြစ် တော့ တ ကယ် ကို ပဲ ၂၀၂၀ အ တွက် စိတ် ပူ စေ ရ တဲ့ အ ခြေ အ နေ ဖြစ် နေ ချိန် မှာ ပင် နီ တိုက် ပုံ ဝတ် ပြီး ဗိုလ် ချုပ် ကြေး ရုပ် ကို ကန့် ကွက် တဲ့ သူ တွေ က အောက် တန်း စား တွေ ဆို ပြီး စော် ကား သ လို ပြော တဲ့ ကိ စ္စ ထွက် လာ ပြန် တယ် ။

ဒါ တွေ က စ နစ် တ ကျ အ ကွက် ချ ပြီး ၂၀၂၀ မှာ NLD အ စိုး ရ မဲ မ ရ အောင် လုပ် နေ တာ လား လို့ တွေး စ ရာ တွေ ဖြစ် လာ တယ် ။

အ ပြင် ပန်း ကိ စ္စ တွေ ကို ကြည့် ပြီး အ တွင်း ပိုင်း သိ သ လောက် နဲ့ ပြန် ချိန် ကြည့် တော့ လက် ရှိ အ စိုး ရ အ တွက် ကောင်း ဖို့ သိပ် မ မြင် ပါ ဘူး ။

လက် ရှိ NLD အ စိုး ရ ဟာ နိုင် ငံ ရေး ကို ပါ အ မှန် တ ကယ် ကို မ ကျွမ်း ကျင် သေး ဘူး ဒါ မှ မ ဟုတ် ကျွင်း ကျင် တဲ့ သူ နည်း သေး တယ် လို့ ကောက် ချက် ချ မိ ပါ တယ် ။

ထောက် ခံ ပါ တယ် ပြော တိုင်း လူ တိုင်း ကြိုက် တာ မ ဟုတ် ဘူး ၊ အ မြဲ ကြိုက် တာ မ ဟုတ် ဘူး ဆို တာ ကို အ ခု NLD ကော NLD ကို မျက် စိ မှိတ် ထောက် ခံ နေ သူ တွေ ကော ကို အ သိ ပေး ချင် ပါ တယ် ။

ဘု ရား ရ ဟ န္တာ တွေ မ ဟုတ် ဘူး ဆို တာ မေ့ မ နေ ပါ နဲ့ ။

အ ခြေ ခံ ဥ ပ ဒေ ပြင် ဖို့ လုပ် နေ တာ အ မှန် တ ကယ် ထိ ရောက် နိုင် မယ် မ ထိ ရောက် နိုင် ဘူး ကို မ သိ ပါ ။ သို့ သော် ၂၀၂၀ မှာ အ မှန် တ ကယ် ထိ ရောက် နိုင် မယ့် ဥ ပ ဒေ မျိုး ကို ရ အောင် အ တည် ပြု နိုင် ဖို့ ကြိုး စား သင့် ပါ တယ် ။ ဥ ပ မာ ပြော ခဲ့ ပြီး ဖြစ် တဲ့ သ မ္မ တ ရွေး ချယ် တဲ့ အ ခါ စစ် တပ် ၂၅% မဲ ပေး ခွင့် မ ရှိ ဆို တဲ့ အ ရာ မျိုး ကို ဥ ပ ဒေ ရ အောင် ပြု ဖို့ ပါ ။

ထင် တာ မ မှား ဘူး ဆို ရင် ၂၀၂၀ မှာ ပြည် နယ် တွေ က မဲ တွေ NLD အား ကိုး နိုင် ဖို့ အ ခွင့် အ ရေး အ လွန် နည်း သွား ပြီ ။ လက် ရှိ တစ် ပါ တီ ထည်း စိတ် တိုင်း ကျ ဥ ပ ဒေ တွေ ပြ ဌာန်း နိုင် ပြီး စိတ် တိုင်း ကျ အ ကောင် အ ထည် ဖော် နိုင် မယ့် စီး ပွား ရေး ၊ လူ မှု ရေး ၊ ကျန်း မာ ရေး လို အ စ ရှိ တဲ့ ကိ စ္စ မျိုး တွေ မှာ ညွှန့် ပေါင်း အ စိုး ရ ဖွဲ့ ပြီး မှ လုပ် ရ ရင် ရှေ့ ရောက် တော့ မှာ မ ဟုတ် တော့ ဘူး ။

စီး ပွား ရေး ကို အ ခု ပုံ စံ နဲ့ အ ကောင် အ ထည် ဆက် ဖော် နေ ရင် လည်း နောက် ၂ နှစ် ထူး ခြား လာ စ ရာ မ မြင် ပါ ဘူး ။ ဗ ဟို ဘဏ် က အ စ သူ တို့ မြတ် ဖို့ လုပ် နေ ကြ တာ ။

အဲ့ လို စီး ပွား ရေး မ အောင် မြင် ရင် ၂၀၁၈ မှာ မဲ မ ပေး တဲ့ သူ တွေ ၂၀၂၀ မှာ သူ များ ကို မဲ ပေး လိုက် မှာ စိုး ရိမ် ရ ပါ တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၃ ၊ ၂ ၊ ၂၀၁၉


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။