Trending Now

သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံး မိသားစုမှ ကျွန်းပင်သာ ပရဟိတကျောင်းတွင် ဆွမ်းသိမ်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

Spread the love

သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံး မိသားစုမှ ကျွန်းပင်သာ ပရဟိတကျောင်းတွင် ဆွမ်းသိမ်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ ကျွန်းပင်သာပရဟိတကျောင်းတိုက်တွင် ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရီပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုများဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦး‌‌ယော်ယိန်း၊ ဦးတွမ်ပီချင်း၊ ဦးရဲလင်းထွန်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ ဦးဂွါးဆာ မိသားစုများက ဇူလိုင်လ ၁၇ ရက်နေ့၊ မနက် ၉ နာရီ အချိန်တွင် ဆွမ်းသိမ်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရီပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုများမှ ကျွန်းပင်သာ ပရဟိတကျောင်းတိုက်မှ သံဃာတော်များနှင့် ကျောင်းသားများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့အထိ (၁၇) ကြိမ်တိုင်အောင် လပြည့်၊လကွယ်နေ့တိုင်း ဆွမ်းအစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ယနေ့တွင် ဆွမ်းပိတ်ပွဲနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်တကွ ဆွမ်းစသောလှူဒါန်းဖွယ်ရာများကို ရေစက်သွန်းချလှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုကန်တော့ခဲ့ကြပြီး၊ ဆရာတော်များထံမှ ငါးပါးသီလနှင့် တရား‌တော်များကို ခံယူဆောက်တည်ခဲ့ကြကာ ဆက်ဆံရေးရုံးအလှူရှင်များနှင့် ဧည့်သည်တော်များမှ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်များအား နေ့ဆွမ်းနှင့် ဝတ္တုငွေများကို ကပ်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက်တွင် အခမ်းအနားသို့ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်း အယောက် (၁၀၀) ခန့်အား တစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းစီကို ဆက်ဆံရေးမိသားစု အလှူရှင်များမှ ပေးအပ်လှူဒါန်းခဲ့ကြအပြီးတွင် နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြကာ ထာဝရငြိမ်း‌ချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဌာနေပြည်သူ့စစ်တပ်ဖွဲ့ကြီး နာယက ဒူဝါကြီး ဦးဇခုန်ယိန်းဆောင်မှလည်း ကျွန်းပင်သာပရဟိတကျောင်းတွင်ရှိသည့် မိဘမဲ့ ကျောင်းသားများအတွက် ကျပ်ငွေ (၁၀) သိန်းကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း အား အမှူးထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယော်ယိန်းတို့ ဦးဆောင်၍ ဦးတွမ်ပီချင်း၊ ဦးရဲလင်းထွန်း၊ ဦးအားမြင့်၊ ဦးအောင်ရင် ၊ ဦးဂွါးဆာ ဆက်ဆံရေးမိသားစုများမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့အထိ တိုင်အောင် ကျွန်းပင်သာပရဟိတ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံး နေထိုင်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရဟိကျောင်းတွင်ရှိသည့် ဝေယျာဝစ္စအဖွဲ့များနှင့် မိဘမဲ့ကျောင်းသားလေးများအား နေ့လယ်စာ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်မှာ ယနေ့ အပါအဝင် (၁၇) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။