Trending Now

ကော့ကရိတ်မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ ခိုးဝင်ဘင်္ဂါလီများ ဖမ်းဆီးရမိ

Spread the love

ကော့ကရိတ်မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ ခိုးဝင်ဘင်္ဂါလီများ ဖမ်းဆီးရမိ
 

EPN
ရန်ကုန်၊ မတ် ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် မတ် ၂၂ ရက် ည ၆ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ တောင်ဘက် မီတာ ၄ဝဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ စစ်တွေမြို့၊ သက်ကယ်ပြင် ကယ်ဆယ်ရေးစခန်းမှ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ရန် ထွက်ခွာ လာသည့် ဘင်္ဂါလီ ဘူတီးရား(ဘ)ဘူရှိရားမား ဖြစ်ကြောင်းသိရှိရပြီး ၎င်း၏ပြောကြားချက်အရ ၎င်းနှင့်အတူပါလာသည့် ဘင်္ဂါလီအမျိုးသား ၂၉ ဦးနှင့် အမျိုးသမီးသုံးဦးတို့ကို ကော့ကရိတ်-ကျုံဒိုးကားလမ်းပေါ်၌ ရပ်တန့်ထားသည့် BONGO အမျိုးအစား မော်တော်ယာဉ်အမှတ်၊MDY 5N/–— ယာဉ်ပေါ်မှ ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ ရွှေဒင်္ဂါး လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ မတ် ၂၂ ရက် ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဘင်္ဂါလီအမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးတို့ကို အခကြေးငွေရယူ ၍ တရားမဝင် ခေါ်ဆောင်လာသော အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။