Trending Now

ဖားကန့်တွင် ၁၂ ဘီးယာဉ်ဖြင့် ကြိတ်မိ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး

Spread the love

ဖားကန့်တွင် ၁၂ ဘီးယာဉ်ဖြင့် ကြိတ်မိ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး

EPN
ဖားကန့်၊ မေ ၂၂

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (လုံးခင်း-ဖားကန့်သွားလမ်းပိုင်း) မော်ဝမ်းအပေါ်လမ်းတွင် ယနေ့၊ နံနက်ပိုင်းက ၁၂ ဘီးယာဉ် ကြိတ်မိ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။`

သေဆုံးသူမှာ ဒေါ်မာယာ(၆၁)နှစ်၊ (ဘ)ဦးဗဟာဒူး၊ ကလပ်ကုန်း၊ မြို့မရပ်ကွက် တွင် နေထိုင်သူဖြစ်ပြီး၊ လက်ရှိတွင် ၎င်းသေဆုံးသူအား ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မေလ( ၂ ၂)ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က ဖားကန့်မြို့ဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် (၁၂)ဘီးယာဉ်အား ဆိုင်ကယ်ဖြင့် အနောက်မှ ကျော်တက်စဉ် ရုတ်တရက်ဘရိတ်အုပ် လိုက်ရာမှ ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူ အမျိုးသမီးမှာ ပြုတ်ကျ၍ (၁၂)ဘီးယာဉ်၏ ဝဲဘက်နောက် ဘီးဖြင့် တက်ကျိတ်မိရာ ရင်ဘတ်နှင့်ဝမ်းဗိုက် ကြေမွဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင်းသို့ ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် တားမြစ်ထားချိန်တွင် ကုန်ပစ္စည်းများ တင်ဆောင်၍ မြို့တွင်းသို့ အဆိုပါ (၁၂)ဘီးယာဉ်ကြီး အား မောင်းနှင်ဝင်ရောက်ကာ လူသေဆုံးသည်အထိ မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ကိုအောင်သူရထက် (၂၃)နှစ်၊ (ဘ) ဦးမောင်တင့်၊ ရွာသစ်ကြီးကျေးရွာ၊ ဟိုပင်မြို့အား ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်ဆောင်ရွက် နေကြာင္း မြို့မရဲစခန်း(ဖားကန့်)မှ သိရသည်။

ဖားကန့်မြို့တွင်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် (၆)ဘီးအထက် ယာဉ်ကြီးများအား မြို့တွင်းသို့ ည(၉း၀၀)နာရီမှ နံနက်(၆း၀၀)နာရီအထိ ညအချိန်တွင်းသာ ဖြတ်သန်း သွားလာရန် ဒေသန္တရအမိန့် (ယာယီ)ထုတ်ပြန်ထားရှိသော်လည်း၊ ယခုအခါ ကုန်တင်ကားကြီးများမှာ မြို့တွင်းသို့ နေ့ဘက်အချိန်များတွင်ပါ ဖြတ်သန်းသွားလာ၍ ယာဉ်တိုက်မှုများပါ ဖြစ်ပေါ်လာနေသည့်အတွက်၊ အဝင်/အထွက်ဂိတ်များမှ အဆိုပါကုန်တင်ယာဉ်ကြီးများအား စည်းကမ်းတကျ စီစစ်ခွင့်ပြုရန် ဒေသခံများ လိုလားနေကြသည်။

သတင်း – နောင်ရိုး
ဓါတ်ပုံ – မော်ဝမ်းအုပ်ချုပ်ရေးမှူးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။