Trending Now

” လုပ် သင့် တာ ကို လုပ် ကြ မှာ ပဲ “

Spread the love

” လုပ် သင့် တာ ကို လုပ် ကြ မှာ ပဲ ”
(​ဆောင်းပါး)

မြစ် ဆုံ ကို ပြန် လုပ် ဖို့ အ ခြေ အ နေ ရှိ တယ် လို့ ခန့် မှန်း ရ တယ် ။

က ချင် ပြည် နယ် ကို နိုင် ငံ တော် အ တိုင် ပင် ခံ ဒေါ် အောင် ဆန်း စု ကြည် ရောက် တော့ မြစ် ဆုံ ပြန် စ မယ့် သ ဘော တွေ့ ခဲ့ ရ တယ် ။

နိုင် ငံ တော် အ တိုင် ပင် ခံ က
မြစ် ကြီး နား မြို့ မှာ ဘာ သာ ရေး ခေါင်း ဆောင် တွေ နဲ့ တွေ့ တော့ ဘာ သာ ရေး ခေါင်း ဆောင် တွေ က မြစ် ဆုံ ကို ဆက် မ လုပ် ဖို့ ပြော ကြ တယ် ။ ဒါ ပေ မဲ့ နိုင် ငံ တော် အ တိုင် ပင် ခံ က ဆက် မ လုပ် ဘူး လို့ ပြန် မ ပြော ခဲ့ ရုံ မ က ဘူး ဆက် လုပ် မယ် ဆို တဲ့ သ ဘော မျိုး အ ထိ ရောက် စေ တဲ့ စ ကား မျိုး ကို ပြန် ပြော ခဲ့ တယ် လို့ ဆို တယ် ။

နိုင် ငံ တော် အ တိုင် ပင် ခံ နဲ့ က ချင် ဘာ သာ ရေး ခေါင်း ဆောင် တွေ ဇန် န ဝါ ရီ လ ၁၀ ရက် နေ့ မှာ မြစ် ကြီး နား မြို့ Palm Spring ဟို တယ် မှာ တွေ့ ဆုံ ခဲ့ ပါ တယ် ။ အဲ့ ဒီ ပွဲ မှာ ပါ ဝင် ခဲ့ တဲ့ ဦး ဇယ် ခေါင် က အ ခု လို ပြန် ပြော ပြ ခဲ့ တယ် ။

” ကျွန် တော် တို့ ဖက် က မ လုပ် ဖို့ ပြော တဲ့ အ ခါ သူ ( ဒေါ် အောင် ဆန်း စု ကြည် ) က ဟုတ် ကဲ့ လို့ တော့ မ ပြော ဘူး ဗျ ။ သူ့ ရဲ့ စ ကား အ သွား အ လာ ကို ထောက် ကြည့် ရင် လုပ် မယ့် သ ဘော လို့ ထင် တယ် ။ ဘာ လဲ ဆို တော့ သူ ပြော တာ ဒေ သ စီး ပွား ဖွံ့ ဖြိုး တိုး တက် ဖို့ လည်း လို တယ် ။ မြစ် ကြီး ကို ထိန်း သိမ်း ဖို့ လည်း လို တယ် ။ အဲ့ တော့ ဒေ သ စီး ပွား ဖွံ့ ဖြိုး တိုး တက် မှ လည်း ပြည် သူ တွေ အ ကျိုး ရှိ မယ် ။ နောက် ပြီး စီ မံ ကိန်း ကြီး က လည်း အ ရင် အ စိုး ရ လက် ထက် က တည်း က လုပ် ထား တာ ။ ကျွန် မ တို့ နောက် တက် လာ တဲ့ အ စိုး ရ က ကျွန် မ တို့ ဟာ မ ဟုတ် ဘူး လို့ ငြင်း လိုက် ရင် မ ကောင်း ဘူး ။ သူ အဲ လို မျိုး တွေ ပြော တယ် ” လို့ ဖော် ပြ လာ ကြ တယ် ။

ဒီ စ ကား အ သွား အ လာ ကို ကြည့် ရင် မြစ် ဆုံ ဆက် လုပ် ဖြစ် မယ် လို့ ခန့် မှန်း လို့ ရ တယ် ။

မြစ် ဆုံ က ပြည် သူ အ တွက် အ ကျိုး များ စေ ရင် လုပ် ဆို တဲ့ ဖက် က ရှိ ကြောင်း အ ချိန် အ ကြာ ကြီး က တည်း က ရပ် တည် ခဲ့ ပါ တယ် ။ အ ခု အ ခြေ အ နေ က တော့ အ ကျိုး ရှိ တယ် လို့ ယူ ဆ လို့ ရ တယ် ။

Value added လို့ ခေါ် တဲ့ ရှိ ရင်း စွဲ ပ က တိ အ ခြေ အ နေ က နေ ပို ပြီး တန် ဖိုး တက် သွား အောင် ပြင် ဆင် မွမ်း မံ ပေး လိုက် ရင် တန် ဖိုး ပို ရှိ သွား ကြ တာ ပဲ ။

ဥ ပ မာ ကျွန်း သစ် တစ် တန် ကို သစ် လုံး အ တိုင်း ရောင်း ချ လိုက် လို့ အ မေ ရိ ကန် ဒေါ် လာ တစ် ထောင် ရ တယ် ဆို ပါ စို့ ။ အဲ့ ဒီ ကျွန်း သစ် တစ် တန် ကို ပ ရိ ဘော ဂ အ ဖြစ် ပြု ပြင် ပြီး မှ ရောင်း ချ ရင် တစ် တန် ကို အ မေ ရိ ကန် ဒေါ် လာ တစ် သောင်း လည်း ရ နိုင် တယ် ။ ဒါ Value added လို့ ခေါ် တယ် ။

ပုံ မှန် ဆို ရင် ဧ ရာ ဝ တီ မြစ် ကြီး က အ ကျိုး ရှိ နေ စေ တဲ့ မြစ် တစ် ခု ဖြစ် ပါ တယ် ။ အဲ့ ဒီ မြစ် ကြီး ကို ပို ပြီး တန် ဖိုး ရှိ အောင် Value added လုပ် လိုက် ရင် တန် ဖိုး ပို ရှိ သွား မှာ ပေါ့ ။ ဧ ရာ ဝ တီ မြစ် ကြီး က မြန် မာ နိုင် ငံ အ တွက် ပို ပြီး တန် ဖိုး တက် သွား စေ မှာ ပေါ့ ။

လော က ကြီး မှာ လူ ထက် ဘယ် အ ရာ မှ တန် ဖိုး ပို မ ရှိ ဘူး ။ လူ မှာ လည်း လက် ရှိ သက် ရှိ ထင် ရှား ရှိ နေ တဲ့ လူ က ပို ပြီး တန် ဖိုး ရှိ တယ် ။ ဒါ ကို မ ရှိ တော့ တဲ့ အ ရာ တွေ မ ရောက် သေး တဲ့ အ ရာ တွေ နဲ့ အ ကြောင်း ပြ ပြီး လက် ရှိ လူ တွေ ဆင်း ရဲ နေ စေ ရ တာ အ ဓိ ပ္ပါယ် မ ရှိ ပါ ဘူး ။

မြန် မာ နိုင် ငံ မှာ ဧ ရာ ဝ တီ မြစ် ကို ဆည် ဆောက် ရင် ဧ ရာ ဝ တီ မြစ် ကြီး ပျက် စီး သွား လိမ့် မယ် ဆို တဲ့ အ တွေး တွေ ကို ပြည် သူ တွေ စိတ် ထဲ ရိုက် ထည့် ခဲ့ နိုင် ကြ တယ် ။ အဲ့ ဒီ အ တွေး ကို ပြန် ပြီး မ ဖြည် နိုင် ကြ ဘူး ။ အံ့ သြ စ ရာ ကောင်း တာ က အဲ့ လို ဆည် ဆောက် ရင် ပျက် စီး မယ် လို့ ပြော တဲ့ သူ တွေ က ဆည် ဆောက် ဖူး တဲ့ သူ တွေ မ ဟုတ် သ လို သူ တို့ ကိုး ကား တာ က လည်း ရှေ့ ခေတ် ပ ညာ ပိုင်း ဆိုင် ရာ တွေ ကို ကိုး ကား ခဲ့ တယ် ။

ပြော ရ ရင် အ ပြစ် ကို သာ ထောက် ပြ ကြ ပြီး အ ကျိုး ကို ဖုံး ကွယ် ထား ကြ တယ် ။ ဘယ် အ ရာ မ ဆို အ ကျိုး နဲ့ အ ပြစ် တွဲ ပြီး ရှိ ကြ တာ ပဲ ။ အ ကျိုး က ပို များ ရင် လုပ် ကြ ရ တာ ပဲ ။

ရေး ခဲ့ ပြီး ပါ ပြီ ကော် လို ရာ ဒို မြစ် ကြီး ကို ပိတ် ပြီး ဆည် ဆောက် ခဲ့ တဲ့ အ မေ ရိ ကန် နိုင် ငံ အ ကြောင်း ၊ Three george ရေ ကာ တာ နဲ့ တ ရုတ် ပြည် အ ကြောင်း တွေ ကို ။ လိုက် လို့ မ မှီ အောင် အ ကောင်း တွေ ရ ခဲ့ တာ ကို မ ပြော ပဲ အ ဆိုး တွေ ကို သာ ပြော ကြ တဲ့ သူ တွေ ကို လည်း အ ပြစ် မ ဆို ချင် တော့ ပါ ။ သူ တို့ လည်း အ စိုး ရိမ် လွန် တယ် လို့ သာ မှတ် ချက် ပေး လို ပါ တယ် ။

သာ မန် ပြည် သူ အ သိ နဲ့ နိုင် ငံ အုပ် ချုပ် သူ အ မြင် မ တူ နိုင် ပါ ။ သာ မန် အ မြင် မှာ သာ မန် အ သိ သာ ရှိ နိုင် ပေ မယ့် နိုင် ငံ အုပ် ချုပ် သူ အ မြင် မှာ တစ် နိုင် ငံ လုံး ရှိ ပြည် သူ တွေ အ ပြင် နိုင် ငံ တ ကာ အ မြင် ပါ ထည့် တွက် ရ ပါ တယ် ။

မြစ် ဆုံ စီ မံ ကိန်း လုပ် ရင် ပြော နေ ကြ တာ တွေ သေ ချာ ပေါက် ဖြစ် မှာ တွေ ရှိ သ လို သေ ချာ ပေါက် မ ဖြစ် မှာ တွေ လည်း ရှိ တယ် ကံ သေ ကံ မ ပြော လို့ မ ရ တာ တွေ လည်း ရှိ တယ် ။

မြစ် ဆုံ ဆည် စီ မံ ကိန်း ကြောင့် ရေ လွှမ်း ဧ ရိ ယာ ရှိ လာ ပြီး အဲ့ ဒီ ရေ လွှမ်း ဧ ရိ ယာ အောက် ကို ရောက် သွား မယ့် နေ ရာ မှာ ရှိ တဲ့ ကျောက် စိမ်း လို သ ယံ ဇာ တ တွေ ရှိ လာ မှာ သေ ချာ ပေါက် ဖြစ် လာ မယ့် ကိ စ္စ တွေ ပဲ ။

မြစ် ဆုံ ဆည် ကြောင့် မြစ် အောက် ပိုင်း မှာ ရေ ငံ တွေ ပို ဝင် လာ ပြီး မြစ် ကြီး လည်း တိမ် ကော ပျောက် ပျက် သွား နိုင် မယ် ဆို တာ သေ ချာ ပေါက် မ ဖြစ် မယ့် ကိ စ္စ ပဲ ။

မြစ် ဆုံ ဆည် ကြီး ကျိုး သွား ရင် မြစ် အောက် ပိုင်း မှာ နေ တဲ့ သူ တွေ အ များ ကြီး သေ ကြ မယ် ဆို တာ က ကံ သေ ကံ မ ပြော လို့ မ ရ တဲ့ ကိ စ္စ ။

မြစ် ဆုံ မှာ ဆည် ဆောက် ပြီး လျှပ် စစ် ဓာတ် အား ထုတ် လို့ မြန် မာ နိုင် ငံ ပြည် သူ တွေ GDP က အ စ တိုး တက် လာ မယ် ၊ လူ နေ မှု အ ဆင့် အ တန်း တွေ တိုး တက် လာ မယ် ၊ ထိ ခိုက် မှု နည်း နည်း နဲ့ ချမ်း သာ လာ မယ် ဆို ရင် မြစ် ဆုံ စီ မံ ကိန်း ကို ထောက် ခံ ပါ တယ် ။

အ ရင် တစ် လျှောက် လုံး မြစ် ဆုံ စီ မံ ကိန်း အ ကြောင်း ရေး ရင် တ ရုတ် လော် ဘီ ဆို ပြီး ဝိုင်း ပြော ကြ တယ် ။ ဘယ် လောက် ရ သ လဲ လို့ လည်း မေး ကြ တယ် ။

အ ခု မြစ် ဆုံ စီ မံ ကိန်း အ ကြောင်း ရေး တာ တ ရုတ် လော် ဘီ လုပ် တာ မ ဟုတ် တော့ ဘူး ။ နိုင် ငံ တော် အ တိုင် ပင် ခံ လုပ် မယ် ဆို ရင် မှန် ကန် တဲ့ ရွေး ချယ် မှု ဖြစ် မယ် လို့ ယုံ ကြည် လို့ အ တိုင် ပင် ခံ ကို ထောက် ခံ ပြီး လော် ဘီ လုပ် တာ ။

နိုင် ငံ အ တွက် လုပ် သင့် လုပ် ထိုက် တာ ကို လုပ် ရ မှာ က နိုင် ငံ ကို ခေါင်း ဆောင် နေ တဲ့ သူ တွေ ရဲ့ တာ ဝန် ပဲ ။ မဲ ရ လို မှု နဲ့ လူ ပြိန်း ကြိုက် လိုက် လုပ် နေ ရ မယ့် အ ချိန် တွေ က ကျော် လွန် ခဲ့ ပါ ပြီ ။ အ ခု က တ ကယ် အ လုပ် လုပ် ရ မယ့် အ ချိန် ကို ကျော် တောင် နေ ပြီ ။

ပြော ချင် တဲ့ သူ တွေ က တော့ ပြော နေ ကြ အုံး မှာ ပါ ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၃ ၊ ၁ ၊ ၂၀၁၉


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။