Trending Now

စီတာပူရပ်ကွက် အမိုက်ပုံအနီး ဆိုင်ကယ်လုယက်သူမှ ဆိုင်ကယ်ပိုင်ရှင်အား ဓားဖြင့်ထိုးသတ်

Spread the love

စီတာပူရပ်ကွက် အမိုက်ပုံအနီး ဆိုင်ကယ်လုယက်သူမှ ဆိုင်ကယ်ပိုင်ရှင်အား ဓားဖြင့်ထိုးသတ်
 
EPN
မြစ်ကြီးနား ၊ မေလ ၂၆
 
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် အမှိုက်
ပုံအနီးတွင် ယနေ့မနက် ၈ နာရီအချိန်ခန့်တွင် ဆိုင်ကယ်လုယက်သူမှ ဆိုင်ကယ်ပိုင်ရှင်အား ဓားဖြင့်ထိုးသတ်သွားကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဆိုင်ကယ်အားလုယက်လာသည့်အတွက် ဆိုင်ကယ်ပိုင်ရှင်မှ ခုခံကာကွယ်ရင်း လည်ပြင်းတွင် ဓားထိုးခံရခြင်းဖြစ်သည်။ ၎င်းဓားထိုးခံရသောဆိုင်ကယ်ပိုင်ရှင်အား မြစ်ကြီးနား လူမှုကယ်ဆယ်ရေးအသင်းမှ သွားရောက်ကာဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်သည့်အချိန်တွင် သေဆုံးသွားကြောင်း မြစ်ကြီးနားလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
“ကျွန်တော်တို့လည်းဖြစ်စဉ်ကိုအသေးစိတ်တော့မသိရသေးဘူး ကျွန်တော်တို့ကို အကြောင်းကြားတာက ဘောလုံးကစားနေတဲ့သူတွေကတွေ့ပြီး လူသတ်မှုဖြစ်တယ်ဆိုပြီးလှမ်းအကြောင်းကြားလို့ သွားလုပ်ပေးတာပေါ့”ဟု ၎င်းကပြောသည်။
 
ယင်းကဲ့သို့ ဆိုင်ကယ်လုယက်ခဲ့သူအားယခုလက်ရှိတွင်မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသောကြောင့်သက်ဆိုင်ရာများစစ်ဆေးရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရသည်။
 
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။