Trending Now

ကမ္ဘာ့နိုင်ငံတွေအားလုံး ကပ်ရောဂါ ကြိုတင်ကာကွယ်မှု အားနည်းနေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ သတိပေး

Spread the love

ကမ္ဘာ့နိုင်ငံတွေအားလုံး ကပ်ရောဂါ ကြိုတင်ကာကွယ်မှု အားနည်းနေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ သတိပေး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

ကမ္ဘာ့နိုင်ငံအားလုံးဟာ ကပ်ရောဂါတွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှု အားနည်းနေကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) က အသိပေးထားပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘေးအန္တရာယ်ဆိုင်ရာ အစီရင်ခံစာအရ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာတာ သုံးနှစ်ရှိခဲ့ပြီဖြစ်ပေမယ့် နိုင်ငံအများအပြားဟာ ကပ်ရောဂါကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုစနစ် ချို့တဲ့နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် အနာဂါတ်ကာလမှာ ကျန်းမာရေး အကျပ်အတည်းတွေအပြင် ရာသီဥတုဆိုင်ရာ ကပ်ဘေးတွေလည်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပြီး ” နောက်ထပ် ကပ်ရောဂါတစ်ခုဟာ ကမ္ဘာ့ထောင့်တစ်နေရာက စောင့်ကြိုနေပါတယ်” လို့ အသိပေးထားပါတယ်။

ယခုရာစုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေ မြင့်တက်လာမှုကို ကိုးကားပြီး ” ရာသီဥတုနဲ့ သက်ဆိုင်တဲ့ ကပ်ဘေးတွေကို တုံ့ပြန်ရာမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်မှုဟာ အကန့်အသတ်ရှိပါတယ် ဒီလို ကပ်ဘေးတွေကြောင့် အကြီးမားဆုံး အန္တရာယ်ရှိနေသူတွေကတော့ ထိခိုက်လွယ်သူတွေဖြစ်ပါတယ်။” လို့ ဖော်ပြထားပါတယ်။

— ကိုးကား —
Aljazeera
ref; World ‘dangerously unprepared’ for next pandemic, Red Cross warns

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။