Trending Now

မြစ်ကြီးနားမြို့တွင် စတုထ္တအကြိမ်မြောက် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရိုင်းဖြတ်သားပြပွဲ ကျင်းပရန် အစည်းအဝေးပြုလုပ်

Spread the love

မြစ်ကြီးနားမြို့တွင် စတုထ္တအကြိမ်မြောက် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရိုင်းဖြတ်သားပြပွဲ ကျင်းပရန် အစည်းအဝေးပြုလုပ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၉

မြစ်ကြီးနားမြို့တွင် စတုတ္ထအကြိမ်မြောက် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရိုင်းဖြတ်သားပြပွဲ ပြုလုပ်ရန် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကျောက်မျက်အသင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေဆုံညှိနှိုင်း အစည်းဝေးတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြစ်ကြီးနားမြို့တွင် စတုတ္ထအကြိမ်မြောက် ကျောက်စိမ်းရိုင်းဖြတ်သားပြပွဲ ကျင်းပမည်ဆိုပါက အစိုးရအနေဖြင့် အခွန်ဘဏ္ဍာငွေ ရရှိခြင်းနှင့် တရားမဝင် ရောင်းဝယ်မှုများ ပပျောက်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

” အရင်အစိုးရ လက်ထက်မှာ ကျောက်စိမ်း အရိုင်းဖြတ်သားပြပွဲကို သုံးနှစ်တိုင် ကျင်းပပေးနိုင်ခဲ့တယ်။ မိမိတို့အနေဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို တာဝန်ယူ ဆောင်ရွက်လာသည်မှာ သုံးနှစ်ကျော်ကာလ ရှိခဲ့ပြီ ဖြစ်သော်လည်း ကျောက်မျက်ပြပွဲကို တစ်ကြိမ်မျှ ကျင်းပပေးနိုင်ခြင်း မရှိ၍ ပြည်နယ်ဝန်ကြီးချုပ်မှ ကျောက်မျက်ပြပွဲ ပြုလုပ်ရန် အားပေးခြင်းတွေရှိတယ်။ ကျောက်မျက်ပြပွဲပြုလုပ်နိုင်ပါက အစိုးရအတွက် အခွန်ဘဏ္ဍငွေ ရရှိမယ်။ ပြီးတော့ တရားမဝင်ရောင်းဝယ်မှုတွေ ပပျောက်လာမယ်။ ပြည်တွင်း အရောင်းအဝယ်ဈေးကွက် ဖြစ်ပေါ်လာပြီး သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနဲ့စပ်ဆက်နေသော အလုပ်အကိုင်
အခွင့်အလမ်းများလည်း ပိုမိုဖွံဖြိုးတိုးတက်လာမှာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ပြပွဲ ကျင်းပနိုင်ရန်အတွက် စီစဉ်မှုများ ရှိနေသော်လည်း ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်များကို သယ်ဆောင်ရန် အခက်အခဲရှိနေကြောင်း ကျောက်မျက်လုပ်ငန်းရှင်းများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မနေ့က ကျောက်မျက်အသင်းရုံးမှာ ကျောက်မျက်ပြပွဲ ကျင်းပဖို့ အစည်းဝေးပြုလုပ်ခဲ့တယ်။ စတုတ္ထအကြိမ်ကို မြန်မာကျပ်ငွေနဲ့ ပြုလုပ်ဖို့ စီစဥ်ထားတယ်။ လုပ်ဖြစ်မယ်ဆိုရင် ယွမ်ငွေနဲ့ရအောင်လို့လည်း တင်ပြပေးသွားမယ်လို့ သိရတယ်။ ဖားကန့်၊ လုံးခင်း ဘက်တွေမှာ အခွန်ဆောင်ထားပြီး နေပြည်တော်၊ မန္တလေးဘက် သယ်ဖို့ကျန်ရှိနေတဲ့ လက်ကျန်ကျောက်လေးတွေနဲ့ ပြပွဲတင်ဖို့ စီစဉ်နေတယ်။ ဒါပေမယ့် ပြပွဲတင်ဖို့ ကျောက်အနေနဲ့လည်း ရှားပါးနေတယ် လက်ကျန်ကျောက်မျက်တွေကို သယ်ဖို့ အတွက်လည်း အခုအချိန်က လမ်းခရီးမှာ အဆင်မပြေမှုတွေ ရှိနေတယ် ” ဟု ၎င်းကရှင်းပြသည်။

မြစ်ကြီးနားမြို့၊ စက်မှုစုံရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာ အရောင်းစင်တာတို့တွင် ရောင်းချနေသည်များကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လေ့လာကြည့်ရှူ့ခဲ့ကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာပြပွဲကို ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တို့တွင် သုံးနှစ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး၊ လက်ရှိ ပြည်နယ်အစိုးရ အနေဖြင့်လည်း စတုတ္ထအကြိမ်မြောက် ကျောက်မျက်ပြပွဲ ကျင်းပနိုင်ရန် တာဝန်ရှိသူများဖြင့် ယမန်နေ့၊ ညနေပိုင်းက ကျောက်မျက်အသင်းရုံးတွင် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။