Trending Now

အိန္ဒိယသံတမန်ကို နှင်ထုတ်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက ကနေဒါသံတမန်ကို ၅ ရက်အတွင်း နိုင်ငံက ထွက်ခွာဖို့ အမိန့်ပေး

Spread the love

အိန္ဒိယသံတမန်ကို နှင်ထုတ်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက ကနေဒါသံတမန်ကို ၅ ရက်အတွင်း နိုင်ငံက ထွက်ခွာဖို့ အမိန့်ပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

ဆစ်ခ်ခွဲထွက်ရေးသမားတစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ကနေဒါက အိန္ဒိယသံတမန်ကို နိုင်ငံအတွင်းကနေနှင်ထုတ်ပြီး နာရီပိုင်းအကြာမှာ ကနေဒါသံတမန်ကိုလည်း ၅ ရက်အတွင်း ထွက်ခွာသွားဖို့ အိန္ဒိယက အမိန့်ပေးခဲ့ပါတယ်။

အိန္ဒိယရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ကနေဒါသံတမန်က ဝင်ရောက်စွက်ဖက်လာသလို အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပါဝင်ပတ်သက်လာမှုဟာ စိုးရိမ်စရာဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။

ကနေဒါနဲ့ အိန္ဒိယတို့ကြား ဆက်ဆံရေးတင်းမာနေချိန်မှာ သံတမန်နှင်ထုတ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကနေဒါက အခုနှစ်နောင်းပိုင်းမှာ စီစဉ်ထားတဲ့ အိန္ဒိယကုန်သွယ်ရေး လုပ်ငန်းစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

ကနေဒါနိုင်ငံက ဆစ်ခ်လွတ်လပ်ရေးလိုလားတဲ့ အုပ်စုတွေရဲ့ ဆန္ဒပြမှုတွေကလည်း ဝန်ကြီးချုပ် မိုဒီအစိုးရကို ဒေါသထွက်စေခဲ့ပါတယ်။

ကနေဒါနိုင်ငံအနောက်ပိုင်းမှာ လူသိများထင်ရှားတဲ့ ဆစ်ခ်ခေါင်းဆောင် နီဂျာဟာ ကိုလံဘီယာပြည်နယ်၊ ဆာရေးမြို့က ဆစ်ခ်ဘုရားရှိခိုးကျောင်းတစ်ခု အပြင်ဘက်မှာ သေနတ်သမားနှစ်ဦးရဲ့ လုပ်ကြံမှုအတွင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျတ်စတင်ထရူးဒေါက ကနေဒါနိုင်ငံသား ဆစ်ခ်လူမျိုးတက်ကြွ လှုပ်ရှားသူနီဂျာ လုပ်ကြံခံရမှုဟာ အိန္ဒိယအစိုးရနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို တွေ့ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပြီးနောက် အိန္ဒိယသံတမန်ကို နိုင်ငံအတွင်းက နှင်ထုတ်လိုက်တာဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ထရူးဒေါရဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ ငြင်းဆန်ခဲ့ပြီး အိန္ဒိယသံတမန်ကို ကနေဒါနိုင်ငံကနေ နှင်ထုတ်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ကနေဒါသံတမန်ကို နိုင်ငံအတွင်းကနေ နှင်ထုတ်လိုက်တာဖြစ်ပါတယ်။

Ref; aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။