Trending Now

မုံရွာ – မန္တလေး ကားလမ်းမှာ ဒီကနေ့ တစ်ရက်ထဲမိုင်း အလုံး ၃၀ တွေ့ရတာကြောင့် သက်ဆိုင်ရာက ရှင်းလင်းနေ

Spread the love

မုံရွာ – မန္တလေး ကားလမ်းမှာ ဒီကနေ့ တစ်ရက်ထဲမိုင်း အလုံး ၃၀ တွေ့ရတာကြောင့် သက်ဆိုင်ရာက ရှင်းလင်းနေ

EPN
ချောင်းဦး ၊မတ် ၊ ၁၂ ၊

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရေပိုးစားကျေးရွာနဲ့ နတ်ရေကန်ကျေးရွာအကြား မန္တလေး မုံရွာ ကားလမ်းမှာ ဒီကနေ့ နေ့ခင်းက မိုင်း အလုံး ၃၀ နီးပါးထောင်ထားတာကို တွေ့ရတာကြောင့် သက်ဆိုင်ရာ မိုင်းရှင်းလင်းရေးအဖွဲ့က အဲ့ဒီ မိုင်းတွေကို ဖယ်ရှားရှင်းလင်းနေရတယ်လို့ မုံရွာ မန္တလေး ကားသမားတွေဆီက သိရပါတယ်။

” မုံရွာ မန္တလေး ကားတွေ သွားလာနေတဲ့ လမ်းလယ်ကျွန်းနေရာမှာ မိုင်းတွေ တွေ့ရတာပါ ၊ အသွားအလာ ခဏတော့ ပိတ်ထားတယ် ၊ အန္တရာယ်ကင်းတာနဲ့ လမ်းပြန်ဖွင့်ပေးမယ် ပြောတယ်” လို့ မုံရွာ မန္တလေး ခရီးသည်တင်ကား သမားတစ်ယောက်က ပြောပါတယ်။

မန္တလေး မုံရွာ ကားလမ်းမှာ မိုင်းဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ် စီမံခန့်ခွဲရေး အဖွဲ့ရုံး နဲ့ နီးစပ်သူတစ်ယောက်က
” လောလောဆယ် နတ်ရေကန်ရွာနဲ့ ရေပိုးစား အကြားမှာ နယ်မြေရှင်းလင်းရေးအဖွဲ့က မိုင်းတွေ ဖယ်ရှား ရှင်းလင်းနေပါတယ် ၊ ဒီကနေ့ တစ်ရက်ထဲမှာ နေ့ခင်းပိုင်းအထိ လက်လုပ်ရှော့တိုက္မိုင်း ၁၇ လုံး၊ လက်လုပ်ရီမုမိုင်း ၉ လုံး နှင့် ဖုန်းရီမုမိုင်း ၃ လုံး ၊ အားလုံး ၂၉ လုံး သက္မဲ့ လုပ် ဖယ်ရှားပေးနိုင်တယ် ၊ ဆက်ပြီးတော့လည်း ရှင်းပေးနေတုန်း ” လို့ ပြောပါတယ်။

မုံရွာ မန္တလေး ကားလမ်းမှာ မကြာခဏ မိုင်းပေါက်ကွဲတာတွေဖြစ်ပြီး ခရီးသွားတချို့ မိုင်းစထိမှန် ဒဏ်ရာရ သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။