Trending Now

နှစ်ပေါင်း ၇၀ ကျော်ကြာ နန်းစံခဲ့သော ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် II သက်တော် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်

Spread the love

နှစ်ပေါင်း ၇၀ ကျော်ကြာ နန်းစံခဲ့သော ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် II သက်တော် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၉

ဗြိတိန်နိုင်ငံ၏ သမိုင်းကြောင်းတွင် နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီး အဲလိဇဘက် ၂ သည် သက်တော် ၉၆ နှစ်အရွယ်၌ နတ်ရွာစံသွားပြီဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က စက်တင်ဘာ ၈ ရက်၌ ကြေညာခဲ့သည်။

“ဘုရင်မကြီးက ဘယ်လ်မော်ရယ်စံအိမ်မှာ ဒီနေ့ (စက်တင်ဘာ ၈ ရက်) မွန်းလွဲပိုင်းမှာပဲ ငြိမ်းချမ်းစွာ နတ်ရွာစံသွားပါပြီ” ဟု ဘက်ကင်ဟမ်နန်းတော်က ကြေညာချက်၌ ပြောကြားခဲ့သည်။

“ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ ဒီညနေပိုင်းအထိ ဘယ်လ်မော်ရယ်စံအိမ်မှာ ဆက်လက်ရှိနေမှာဖြစ်ပြီး မနက်ဖြန် (စက်တင်ဘာ ၉ ရက်) လန်ဒန်ကို ပြန်မှာဖြစ်ပါတယ်” ဟု ယခုအခါ ဗြိတိန်နိုင်ငံ၏ ဘုရင်အသစ်ဖြစ်လာသော ဘုရင်မကြီး၏ သားတော် ချားလ်စ်မင်းသားအား ရည်ညွှန်းလျက် ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

ဘုရင်မကြီး နတ်ရွာစံကြောင်း ကြေညာပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများသည် ဘုရင်မကြီးအား ဂါရဝပြုရန် မိုးရွာသွန်းနေသည့်ကြားမှ လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော်အပြင်ဘက်တွင် စုဝေးရောက်ရှိလာခဲ့သည်။

ဗြိတိန်နိုင်ငံအနေဖြင့် စက်တင်ဘာ ၉ ရက်မှစ၍ ကြေကွဲဝမ်းနည်းဖွယ်ကာလ ၁၀ ရက်အဖြစ် တရားဝင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။