Trending Now

တာချီလိတ်မြို့တွင် အမျိုးသားသုံးဦးထံမှ သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

တာချီလိတ်မြို့တွင် အမျိုးသားသုံးဦးထံမှ သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမျိုးသားသုံးဦးထံမှ သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ (ဩဂုတ်လ ၂၃ရက်နေ့) က ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် မြို့မ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင်ဩဂုတ်လ၂၃ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရအားဘို မောင်းနှင်လာသည့့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း၇၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ဇော်ထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇာနည်မောင် မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဇော်ထက်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အတွင်း ၎င်းတို့သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၁.၂၅ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃၇၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အားဘို (၁၉) နှစ်၊ ဇော်ထက် (၂၃) နှစ်နှင့်မျိုးဇာနည်မောင် (၂၆) နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။