Trending Now

ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုး ကွယ်လွန်

Spread the love

ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုး ကွယ်လွန်

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုးဟာ နှလုံးရောဂါနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်များထံက သိရပါတယ်

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ဒီကနေ့ မနက်ပိုင်းမှာ နှလုံးရောဂါဖောက်ခဲ့တဲ့အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ချိန်မှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ငရဲသားဇာတ်ကားနဲ့ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေ ရရှိထားသူ ဖြစ်ပါတယ်။

သူရဲ့ ဇနီးသည်ဖြစ်သူ အကယ်ဒမီ ဇင်မာဦး ဟာလည်း ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က အောင်ရတနာဆေးရုံမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် ရောဂါများနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။