Trending Now

လစ်ဗျားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်ရှိပြီး ထိခိုက်ပျက်စီးမှု ပမာဏကို မသိနိုင်သေး

Spread the love

လစ်ဗျားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်ရှိပြီး ထိခိုက်ပျက်စီးမှု ပမာဏကို မသိနိုင်သေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

အာဖရိကမြောက်ပိုင်းမှာရှိတဲ့ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ရေကြီးမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၅,၀၀၀ ကျော်ရှိပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အဲဒီနိုင်ငံကလာတဲ့ သတင်းတွေက ဆိုပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကို ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။

ဒီရေကြီးမှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး အပျက်အစီးတွေ ဖယ်ရှားရေးမှာလိုအပ်တဲ့ ကြီးမားတဲ့ စက်ကိရိယာတွေ ရေထဲမျောပါသွားခဲ့တာကြောင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ အဟန့်အတားဖြစ်နေရပါတယ်။

နိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ အစိုးရရဲ့ အရာရှိတစ်ဦးကို ကိုးကားပြီး ဒေသခံမီဒီယာ သတင်းအရင်းအမြစ်တွေက မိုးသည်းထန်ခဲ့လို့ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် လူပေါင်း ၅,၀၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

ဒီနိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေဟာ ကျယ်ပြန့်တဲ့ ဧရိယာတွေမှာ ဖြစ်ပေါ်နေပြီး ကာလရှည်ကြာနေပြီဖြစ်တဲ့ နိုင်ငံရေးဖရိုဖရဲဖြစ်မှုကြောင့် ဒီဘေးအန္တရာယ် တစ်ခုလုံးရဲ့ အနေအထားကို သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။

လူသေဆုံးမှုအရေအတွက် ပိုပြီး မြင့်တက်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ လမ်းတွေ ပြတ်တောက်နေပြီး အကြီးစားစက်ကိရိယာတွေ ရေထဲမျောပါသွားခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ ကူညီရေး ကြိုးပမ်းမှုတွေ အဟန့်အတားဖြစ်နေပါတယ်။

Source; nhk

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။