Trending Now

ကွတ်ကီမုန့်အတွင်း ဆေးခြောက်ထည့်သွင်းရောင်းချတဲ့ တရာခံနှစ်ဦး ဖမ်းဆီးရမိ

Spread the love

ကွတ်ကီမုန့်အတွင်း ဆေးခြောက်ထည့်သွင်းရောင်းချတဲ့ တရာခံနှစ်ဦး ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၁၀

ကွန်ကီမုန့်အတွင်းမှာ ဆေးခြောက်ထည့်သွင်းရောင်းချခဲ့တဲ့ ရန်ကုန်မြို့က တရားမဝင် ပေါင်းသင်းနေထိုင်သူ နှစ်ဦးကို မတ်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူတွေရဲ့ သတင်းပေးချက်အရ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အတွင်းနေ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဆေးခြောက်ထည့်သွင်းပြုလုပ်ထားတဲ့ ကွတ်ကီမုန့် ၅၀ ခု၊ ဆေးခြောက်အမှုန့် ၁၀၉ ဂရမ် နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဒီမုန့်တွေကို အွန်လိုင်းကတဆင့် ရောင်းချနေတာဖြစ်ပြီး ဆေးခြောက်ထည့်သွင်းမှု ပမာဏပေါ်မှုတည်ပြီး မုန့်တစ်ခုကို ငွေကျပ် ခြောက်ထောင်ကနေ တစ်သောင်းအထိ ရောင်းချတယ်လို့ ဆိုပါတယ်။

ဒီမုန့်တွေကို ဝယ်ယူစားသုံးမိပါက နောက်ပိုင်းမှာ စားချင် စိတ်နည်းပါးလာခြင်း၊ စိတ်ချောက်ချားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဖျားနာလာခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ အသက်ရှူကျပ်လာခြင်း၊ နှလုံးခုန်ရပ်ခြင်းတွေဖြစ်ပေါ်ကာ ရုတ်တရက် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လူငယ်လူရွယ်တွေကို လမ်းမှားရောက်စေဖို့ ရည်ရွယ်ချက်နဲ့ ကွတ်ကီမုန့် အတွင်းဆေးခြောက်ထည့်သွင်းရောင်းချခဲ့တဲ့ တရားခံတွေကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။