Trending Now

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားနိုင်ငံမှ “စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင် တံဆိပ်ပေးအပ်ချီးမြှင့်

Spread the love

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားနိုင်ငံမှ “စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင် တံဆိပ်ပေးအပ်ချီးမြှင့်

EPN
နေပြည်တော် ၊ ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day Of Great Patriotic War (၇၅)နှစ်မြောက်အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၃ရက်နေ့ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံဆွေးနွေးရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝန်များက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနဲ့အတူ FSMTCမှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာရေးနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်အောင်ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် Army Gameပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးအပ်ချီးမြှင့်သည့် “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ်အားလည်းကောင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်အဆင့်စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး FSMTCမှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov က ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်အားလည်း ကောင်း ချီးမြှင့်တပ်ဆင်ဂုဏ်ပြုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုးထက်ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။