Trending Now

မြန်မာ့လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယား လက်ဝှေ့ချန်ပီယံ ပရွန်းဆမ်နမ်းတို့ ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့ယှဥ်ပြိုင် ထိုးသတ်မည်

Spread the love

မြန်မာ့လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယား လက်ဝှေ့ချန်ပီယံ ပရွန်းဆမ်နမ်းတို့ ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့ယှဥ်ပြိုင် ထိုးသတ်မည်

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ (၂၀၂၄)

မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယား လက်ဝှေ့ချန်ပီယံ ပရွန်းဆမ်နမ်းတို့ ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) တွင် ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၂)ဦးသည် ခွန်ခမာခါးပတ်လုပွဲတွင် ခေါင်တွဲဆိုင်းအဖြစ် ခွန်ခမာရိုးရာလက်‌ဝှေ့စည်းမျဉ်းများအတိုင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ယှဥ်ပြိုင်ထိုးသတ်ချိန်က ထွန်းထွန်းမင်းမှာ အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၌ စတင်ကျင်းပမည့် ခွန်ခမာခါးပတ်လုပွဲအား ယှဥ်ပြိုင်ကစားမည့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။