Trending Now

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်လအတွင်း ကိုဗစ်နှင့်ဆက်စပ်သေဆုံးသူ ၆၀,၀၀၀ နီးပါးရှိခဲ့

Spread the love

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်လအတွင်း ကိုဗစ်နှင့်ဆက်စပ်သေဆုံးသူ ၆၀,၀၀၀ နီးပါးရှိခဲ့

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ကိုဗစ်နှင့်ဆက်စပ်သေဆုံးသူ စုစုပေါင်း ၅၉,၉၃၈ ဦးအထိ ရှိခဲ့ကြောင်း အယ်လ်ဂျားဇီးယား သတင်းတွင် ဖော်ပြထားသည်။

တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သေဆုံးသူ ၅,၅၀၃ ဦး ရှိပြီး အခြားဆက်စပ်ရောဂါများကြောင့် စုစုပေါင်း သေဆုံးသူ ၅၄,၄၃၅ ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအချက်အလက်များသည် ဆေးရုံများတွင်ကောက်ယူထားသည့် တရားဝင် အချက်အလက်များအရဖြစ်ပြီး နေအိမ်များတွင် သေဆုံးမှုမှာ ပိုမိုများပြားနိုင်ကြောင်း ကော်မရှင်က ထည့်သွင်းအသိပေးထားသည်။

သေဆုံသူအများစု၏ ပျမ်းမျှအသက်မှာ ၈၀ ဒသမ ၃ နှစ်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းမှာ နာတာရှည်ရောဂါများရှိသည့် အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ဆိုသည်။

— ကိုးကား —
Aljazeera
Ref; China reports almost 60,000 COVID-related deaths in past month

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။