Trending Now

အင်းတော်မြို့နယ် ပေကုန်း အထက(ခွဲ) Quarantine Center တွင် သောက်သုံးရေ ရေဂါလံ ၁၆၀၀ လှူဒါန်း

Spread the love

အင်းတော်မြို့နယ် ပေကုန်း အထက(ခွဲ) Quarantine Center တွင် သောက်သုံးရေ ရေဂါလံ ၁၆၀၀ လှူဒါန်း

 

EPN
အင်းတော်၊ မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ မံဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာ အ‌ခြေခံပညာအထက်တန်း‌ကျောင်းခွဲတွင် Quarantine Center ဝင်ရောက်နေသူများအတွက် သောက်သုံးရေဂါလံ (၁၆၀၀)ကို လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်‌ရေးအတွက်ကလိုရင်းပိုသတ်ဆေး ရည်များကိုပက်ဖျန်းခြင်းကို ယနေ့ မေ ၁၈ရက် က ပြုလုပ်ခဲ့သည်။

လက်ရှိ ပေကုန်းအထက-ခွဲ Quarantine Center မှာ ခရီးသွားစောင့်ကြည့်သူ ၂၁ဦးရှိ ပြီး ၎င်းတို့အတွက် သောက်သုံးရေအခက်အခဲရှိတာကြောင့် အခုလိုဝိုင်းဝန်းဆောင်ရွက်ခြင်း
ဖြစ်ကြောင်း ပေကုန်းရွာ၊ ဌာနေပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမောင်စိုးက ပြောသည်။

” မော်လူး-စီပိန်းရွာစိမ့်စမ်း‌ရေမှ ရေဂါလံ(၈၀၀)ဆံ့ကားတစ်စီး၊ သုံးရေအတွက် နန့်စီးအောင်ရေကြည်ချောင်းက ရေဂါလံ(၈၀၀)ဆံ့ကားတစ်စီး စုစုပေါင်းရေဂါလံ (၁၆၀၀)ကို လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးရည်တွေကိုပက်ဖျန်းခဲ့ပါတယ်။ ” ဟု မော်လူးနယ်မြေမီးသတ်စခန်း တာဝန်ခံ သိန်းထိုက်က ပြောကြားခဲ့သည်။

အဆိုပါသောက်သုံးရေနှင့် ပိုးသတ်ဆေးပက်ဖျန်းရာသို့ မော်လူးမြို့မင်းဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမိုးဆွေ၊ မံဟဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းကြိုင်၊ပေကုန်း‌ကျေးရွာကျန်းမာရေးမှူး ဒေါ်ဆွေ‌ဆွေ‌အောင်၊ မော်လူးနယ်မြေမီးသတ်စခန်းတာဝန်ခံလက်ထောက်မီးသတ်ဦးစီးမှူးဦးသိန်းထိုက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပေကုန်းကျေးရွာဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာ‌နေပြည်သူ့စစ်‌ခေါင်း‌ဆောင်ဦး‌မောင်စိုးနှင့်အဖွဲ့တို့က စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။