Trending Now

ယူကရိန်းတပ်ဖွဲတွေက လန်ဒန်နှစ်ဆလောက်ရှိတဲ့နယ်မြေတွေကို ပြန်သိမ်းပိုက်နေချိန်မှာ ရုရှားအစိုးရက ရုရှား တပ်ဖွဲတွေကို အလုံးအရင်း ပြန်လည်ဆုတ်ခွာခိုင်းနေ

Spread the love

ယူကရိန်းတပ်ဖွဲတွေက လန်ဒန်နှစ်ဆလောက်ရှိတဲ့နယ်မြေတွေကို ပြန်သိမ်းပိုက်နေချိန်မှာ ရုရှားအစိုးရက ရုရှား တပ်ဖွဲတွေကို အလုံးအရင်း ပြန်လည်ဆုတ်ခွာခိုင်းနေ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

ယူကရိန်းတပ်တွေက လန်ဒန်မြိုဧရိယာ နှစ်ဆလောက်ရှိတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နေစဉ်အတွင်း မှာ ရုရှားအစိုးရက ရုရှားတပ်ဖွဲတွေကို ခါကိဗ်နယ်မြေထဲကနေ အလုံးအရင်းနဲ့ ဆုတ်ခွာခိုင်းနေပါတယ်။

ရုရှားတပ်တွေဟာ ဒီနီပရိုမြစ်ကိုဖြတ်ပြီး ရှေ့တန်းဘက်ကို စစ်ကူတွေရောက်ရှိလာရေးအတွက် ကြိုးပမ်းရေး ယူ ကရိန်းနိုင်ငံတောင်ပိုင်းမှာလည်း အသည်းအသန်ရုန်းကန်နေရကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ်က ရုရှားတပ်တွေဟာ တံတားတစ်စင်းဖြစ်သလိုဖန်တီးပြီးတည်ဆောက်ဖို ကြိုးစား ခဲ့ပေမဲ့ မပြီးပြတ်ဘဲ ထားပစ်ခဲ့ရကြောင်း၊ ယူကရိန်းတပ်တွေက ရုရှားတွေပြန်လည်တည်ဆောက်နေတဲ့လုပ်ငန်း အလုပ်မဖြစ်အောင် အဲဒီဒေသတစ်ဝိုက်ကို အမြောက်တွေနဲ့ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

မြေပြင်က ရုရှားတပ်တွေဟာ စိတ်ဓာတ်ကျဆင်းနေကြတဲ့အတွက် ရုရှားတပ်တွေကို အရေးပေါ် ခုခံကာကွယ် ရေးအတွက်သာ တိုက်ပွဲဝင်ကြဖို အမိန့်ပေးထားတယ်လို ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ရုရှားတပ်တွေဟာ ခါကိဗ်ဒေသကနေ နောက်ပြန်လှည့်ပြီး အလုံးအရင်းနဲ့ဆုတ်နေကြပြီဖြစ်လို အခြေအနေဟာ ပြောင်းပြန်ဖြစ်သွားပြီလို ယူကရိန်းကြည်တပ်အကြီးအကဲဟောင်း လော့ဒ်ဒန်းနတ်က ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ ယူကရိန်းအတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်ပေမဲ့လည်း အောင်မြင်မှုကို ဆက်လက်ထိန်း သိမ်းထားပြီး ရုရှားတွေကို ဖိအားပေးနိုင်ဖိုအတွက် အနောက်တိုင်းက လက်နက်ခဲယမ်းအကူအညီတွေ ဆက် ပြီးတော့ များသထက်များအောင် ရရှိနေဖို လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

“မယုံနိုင်စရာကောင်းလောက်တဲ့မြင်ကွင်းတချိုကို ကျွန်တော်တို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရပါတယ်။ ယူက ရိန်းတပ်တွေအနေနဲ့ အောင်ပွဲတွေသိသိသာသာရလာတာမှန်ပေမဲ့လည်း ကျွန်တော်တိုနိုင်ငံရဲ့ နယ်မြေအများ အပြား ရုရှားတွေဆက်လက်သိမ်းပိုက်ထားဆဲပါ။ ဒါ့ကြောင့် ရှေ့ဆက်ရမယ့်ခရီးက အဝေးကြီးရှိပါသေးတယ်။” လို ၎င်းက ပြောပါတယ်။

သြဂုတ်လကတည်းက ယူကရိန်းနိုင်ငံဟာ ဂျုံတန်ချိန် ၆၀၀၀၀ နီးပါးကို ပြည်ပနိုင်ငံတွေကိုတင်ပိုလျက်ရှိရာမှာ ဖွံဖြိုးဆဲနိုင်ငံတွေထက် ဥရောပသမဂ္ဂနိုင်ငံတွေကို ဦးစားပေးတင်ပိုနေကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာလ ၇ ရက်နေ့က ပြောပါတယ်။

“ပူတင်ရဲ့ ပြောဆိုချက်က မမှန်ပါဘူး။ ကုလသမဂ္ဂစာရင်းတွေအရ ဂျုံတွေအာလုံးရဲ့ ၃၀% ကို ဝင်ငွေနည်းတဲ့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတိုက်က နိုင်ငံတွေကို တင်ပိုခဲ့တာပါ။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို သိက္ခာချပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ထားတာကို မှေးမှိန်သွားအောင်လုပ်ဖိုအတွက် ရည်ရွယ်ချက် ရှိ ရှိနဲ့ သတင်းမှားတွေကို လုပ်ကြံထုတ်လွှင့်နေတာဖြစ်ပါတယ်။” လို ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ယူကရိန်းတပ်ဖွဲတွေဟာ စက်တင်ဘာလကနေစပြီး စတုရန်းမိုင် ၁၁၆၀ မိုင် ပြန်လည်တိုက်ယူနိုင်ခဲ့ပြီဖြစ်တယ် လို ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဗလာရီဇလူဇညီက ပြောပါတယ်။ အခုအချိန်မှာ ယူကရိန်းတပ် ဖွဲဝင်တွေဟာ ရုရှားနယ်စပ်နဲ့ မိုင် ၃၀ အကွာအဝေးကို ရောက်နေကြပြီလို ၎င်းက ပြောပါတယ်။

Ref: Russia withdraws troops from Kharkiv after Ukraine recaptures territory twice the size of greater London


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။