Trending Now

နစကအစိုးရအုပ်ချုပ်မှု (၂) နှစ်ပြည့် ဂုဏ်ပြုပွဲနှင့် ကာလုံကြိုဆိုပွဲ ရန်ကုန်၌ ကျင်းပမည်

Spread the love

နစကအစိုးရအုပ်ချုပ်မှု (၂) နှစ်ပြည့် ဂုဏ်ပြုပွဲနှင့် ကာလုံကြိုဆိုပွဲ ရန်ကုန်၌ ကျင်းပမည်

EPN
ရန်ကုန်၊ ဇန်နဝါရီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအုပ်ချုပ်မှု (၂) နှစ်ပြည့် ဂုဏ်ပြုပွဲနှင့် ကာလုံကြိုဆိုပွဲကို လာမည့် ဖေဖော်ဝါရီလ (၁) ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓူပန်း ခြံဘေးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲနှင့် ကာလုံကြိုဆိုပွဲ ကျင်းပရန် သက်ဆိုင်ရာထံ အင်အား (၁၀၀၀) ဝန်းကျင် တင်ပြထားပြီး၊ ဟောပြောဆွေးနွေးမည့်သူများမှာ မိုင်ကယ်ကျော်မြင့်၊ မင်းသားကြီး(ခ)အောင်ဆန်းဦးနှင့် ဒေါ်မိုးမိုးခိုင်တို့ဖြစ် ကြောင်း သိရသည်။

“တပ်မတော်နဲ့ ပြည်သူတသားတည်းရှိကြောင်းပေါ့။ လက်ရှိ တပ်မတော်သွားနေတဲ့ မူဝါဒအတိုင်း လိုက်ပါ ဆောင်ရွက်တယ်။ ရွေးကောက်ပွဲကို ကြိုဆိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်လာမယ့် ကာလုံပေါ့။ ကာလုံကို ကျွန်တော်တို့ ပြည်သူတွေက ကြိုဆိုတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါတွေ ဟောပြောသွားမှာပါ” ဟု မိုက်ကယ်ကျော်မြင့်က ပြောသည်။

နစကအစိုးရအား ဂုဏ်ပြုကြိုဆိုပွဲလိုက်ပါလိုသူများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် သမ္မတရုပ်ရှင်ရုံရှေ့၌ စတင်စုဝေးပြီး ဟောပြောပွဲကျင်းပမည့်နေရာသို့ စီတန်းလှည့်လည် ချီ တက်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – ပုံဟောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။