Trending Now

ရန်ကုန်မြို့၌ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပချိန်တွင် လမ်းအချို့အား ယာယီပိတ်ထားမည်

Spread the love

ရန်ကုန်မြို့၌ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပချိန်တွင် လမ်းအချို့အား ယာယီပိတ်ထားမည်

EPN
ရန်ကုန်၊ ဧပြီ ၁၀ (၂၀၂၄)

ရန်ကုန်မြို့၌ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပချိန်တွင် မြို့တွင်းရှိ လမ်းအချို့အား ယာယီပိတ်ထားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးထားကြောင်း သိရသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့၌ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်းများ၊ လမ်းလျှောက်သင်္ကြန် ကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပနေချိန်တွင် မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိ နံနက် ၇ နာရီမှ ည ၆ နာရီအထိ ယာယီလမ်းပိတ်ထားမည်ဖြစ်ရာ လမ်းလွှဲမှ သွားလာကြရန် အသိပေးခဲ့သည်။

မြန်မာ့ရိုးရာဘသင်္ကြန်ပွဲတော်အား ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ တိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁ဝ)ခု၊ လမ်းလျှောက်သင်္ကြန် (၁)ခု၊ ဖျော်ဖြေရေးမဏ္ဍပ် (၁)ခု၊ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်း လျှောက်သင်္ကြန်၊ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃)ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ စတုဒီသာ ကျွေးမွေးမည့် အစီအစဥ်များလည်း ပါဝင်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။