Trending Now

နယူးယောက်မြို့ မိုးပျံအဆောက်အဦးပေါ်က ကရိန်းပျက်ကျလို့ ၁၁ ဦး ဒဏ်ရာရ

Spread the love

နယူးယောက်မြို့ မိုးပျံအဆောက်အဦးပေါ်က ကရိန်းပျက်ကျလို့ ၁၁ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၇

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်အတွင်းမှာရှိတဲ့ ဆောက်လက်စ မိုးပျံအဆောက်အဦးပေါ်မှာ အသုံးပြုနေတဲ့ ကရိန်းတစ်ခု ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့လို့ ၁၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ မြို့တော် အာဏာပိုင်တွေက ပြောပါတယ်။

၅၄ ထပ်မြင့်တဲ့ ဆောက်လက်စ အဆောက်အဦးပေါ်မှာ ကွန်ကရစ်လောင်းဖို့အတွက် အဆိုပါကရိန်းက ကွန်ကရစ် ၁၆ တန်ကို ဆွဲတင်နေစဉ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူစည်းကားနေတဲ့ လမ်းပေါ်ကို ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကရိန်းပျက်ကျမှုကြောင့် မီးသတ်သမားနှစ်ဦးအပြင် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ လမ်းသွားလမ်းလာတွေအပါအဝင် လူ ၉ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နံနက်ခင်းပိုင်းဖြစ်တဲ့အတွက် လမ်းပေါ်မှာ လမ်းသွားလမ်းလာတွေနဲ့ ကားတွေ ပြည့်နက်နေလေ့ရှိပြီး “လမ်းပေါ်က အပျက်အစီးတွေကနေ မြင်ရတဲ့အတိုင်းပါပဲ ဒါက ပိုဆိုးသွားနိုင်တယ်” လို့ မြို့တော်ဝန် အဲရစ် အဒမ်စ်က ပြောကြားခဲ့ပါတယ်။

မိနစ်အနည်းငယ်အတွင်းမှာပဲ မီးသတ်သမားတွေက ကပ်လျက် အဆောက်အဦရဲ့ လသာဆောင်ကနေ မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးစားခဲ့ကြပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

Ref; NBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။