Trending Now

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပအဖွဲ့အစည်များနှင့် တွေ့ဆုံမည်ဆိုပါက UEC ၏ ခွင့်ပြုချက်ရယူရန် ညွှန်ကြား

Spread the love

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပအဖွဲ့အစည်များနှင့် တွေ့ဆုံမည်ဆိုပါက UEC ၏ ခွင့်ပြုချက်ရယူရန် ညွှန်ကြား

EPN
နေပြည်တော် ၊ သြဂုတ် ၁၃

ပြည်တွင်းရှိ နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဆိုပါက ရွေး ကောက်ပွဲကော်မရှင်သို့ ကြိုတင်အကြောင်းကြားပြီး ခွင့် ပြုချက်ရယူရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးကာ ဩဂုတ်လ (၁၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(စ) ပါ ပြဌာန်းချက်များအရ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အ ခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း ၊ အခြားအ‌ထောက်အပံ့တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်း မပြုရေးကို လိုက် နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်မည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေး ပါတီများအနေဖြင့် UEC ၏ ခွင့်ပြု ချက် မယူဘဲ ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တွေ့ဆုံမည်ဆိုပါက အထက်ပါ ဥပဒေပါ ပြဌာန်း ကန့် သတ်ချက်များနှင့် ငြိစွန်းနိုင်သည့်အတွက် UEC မှ သင့် တော်သလို စီမံခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဒစရင်း မှားယွင်းမှု ၊ မဲမသာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများ၊ NGO များနှင့် ၎င်းတို့၏ အထောက်အပံ့ရယူထားသည့် ပြည်တွင်းလူမှုအဖွဲ့အစည်းများ၏ ဝင်ရောက် စွက် ဖက်မှုများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ပြည်ထော င်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ (၉၂) ပါတီကို ပြည်ထော င်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပြီး လူမျိုးစုပါ တီ (၁၉) ပါတီ၊ ဒေသအလိုက် ဖြစ်ပေါ်လာသည့် ပါတီ (၃ ဝ) ပါတီနှင့် ပြည်မပါတီ (၄၃) ပါတီ ရှိကြောင်း UEC ၏ စာရင်းများအရ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။