Trending Now

လုပ်ငန်းခွင်ကို အမြန်ရောက်ချင်လို့ တရုတ်ပြည်ရဲ့ မဟာတံတိုင်းကို ဖြိုချခဲ့တဲ့ လူနှစ်ဦး ဖမ်းဆီးခံရ

Spread the love

လုပ်ငန်းခွင်ကို အမြန်ရောက်ချင်လို့ တရုတ်ပြည်ရဲ့ မဟာတံတိုင်းကို ဖြိုချခဲ့တဲ့ လူနှစ်ဦး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၆

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းဇီပြည်နယ်အတွင်းက မဟာတံတိုင်းကို မြေတူးစက်သုံးပြီး တစ်စိတ်တစ်ပိုင်းဖြိုချခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အယ်ဂျားဇီးယားသတင်းက ဖော်ပြထားပါတယ်။

အဆိုပါ ဆောက်လုပ်ရေးလုပ်သားနှစ်ဦးဟာ အသက် ၃၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လုပ်ငန်းခွင်ကို အလွယ်တကူရောက်မယ့် ဖြတ်လမ်းကိုဖောက်ဖို့အတွက် မဟာတံတိုင်းကို ဖြိုချခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ မဟာတံတိုင်း အနီးနားရှိ ဆောက်လုပ်ရေးပရောဂျက်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားတွေဖြစ်ကြပြီး လုပ်ငန်းခွင်ကို အမြန်ရောက်နိုင်ဖို့နဲ့ မြေတူးစက် ဖြတ်သန်းသွားလာနိုင်အောင် မဟာတံတိုင်းရဲ့အပေါက်ကို မြေတူးစက်နဲ့ ချဲ့ထွင်ခဲ့ကြတာလို့ ဆိုပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့က အဖြစ်အပျက်နဲ့ ပတ်သက်လို့ တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် ရှန်ဇီရဲတွေက စက်ယန္တရားတွေကို လိုက်လံစုံစမ်းစစ်ဆေးခဲ့ပြီး သူတို့နှစ်ဦးကို ဖမ်းဆီးရမိချိန်မှာလည်း မဟာတံတိုင်းကို ချဲ့ထွင်းခဲ့မိကြောင်း ဝန်ခံခဲ့တယ်လို့ ရဲက ပြောပါတယ်။

၁၉၈၇ ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်တဲ့ မဟာတံတိုင်းကို ဘီစီ ၂၂၀ ကတည်းက တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ၁၆၀၀ ပြည့်နှစ် မင်မင်းဆက်လက်ထက်အထိ ကြာမြင့်ခဲ့တာပါ။

နိုင်ငံပိုင်ရုပ်သံဌာန CCTV က မဟာတံတိုင်း ပျက်စီးမှုဟာ “နောက်ပြန်လှည့်၍မရသော ပျက်စီးဆုံးရှုံးမှုများ” အဖြစ် ဖော်ပြခဲ့ပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။