Trending Now

ရုရှားက နျူကလီးယား လေ့ကျင့်မှု ပြုလုပ်မည်ဟု အသိပေး

Spread the love

ရုရှားက နျူကလီးယား လေ့ကျင့်မှု ပြုလုပ်မည်ဟု အသိပေး

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆

ရုရှားက ယူကရိန်းစစ်ပွဲအတွင်း နျူကလီးယား လက်နက်အသုံးပြုမည်ကို စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ပုံမှန်နျူကလီးယား လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု အသိပေးထားကြောင်း ယမန်နေ့တွင် အမေရိကန်က ပြောကြားခဲ့သည်။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များနှင့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ခြင်းဆိုင်ရာ လေ့ကျင့်မှုများအတွက် အမေရိကန်ကို အသိပေးရန် သဘောတူညီချက်များကို ရုရှားနိုင်ငံဘက်က လိုက်နာကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

“ဒါဟာ ရုရှားရဲ့ နှစ်စဉ်လုပ်ရိုးလုပ်စဉ်လေ့ကျင့်ခန်းပါ ဒီသတိပေးချက် က ကျွန်တော်တို့ကို အံ့အားသင့်စာရာ မဖြစ်စေဖို့နဲ့ အထင်အမြင်လွဲမှားမှုတွေမရှိအောင် ကြိုတင်အသိပေးတာပါ။” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် မော်စကိုက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်လာပြီးနောက်ပိုင်း အမေရိကန် နှင့် ရုရှား ကာကွယ်ရေး ဦးစီးချုပ်များသည် အဆက်အသွယ် ပြတ်တောက်နေခဲ့ကြပြီး ရှားရှားပါးပါး နှစ်ကြိမ်မြောက် ထိတွေ့ဆက်ဆံခဲ့ခြင်းဖြစ်သည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားကနျူကလီးယား လက်နက်အသုံးပြုမည်ကို စိုးရိမ်နေသော်လည်း လက်ရှိအချိန်တွင် ရုရှားသည် နျူလက်နက်အသုံးပြုရန် ပြင်ဆင်နေသည့် အရိပ်အယောင်မတွေ့ရှိရသေးကြောင်း နက်ပရိုက်စ်က ထည့်သွင်းပြောဆိုခဲ့သည်။

— ကိုးကား —
tdp
ref; US Says Russia Informed It of Nuclear Exercises Amid Tension

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။