Trending Now

ဖားကန့်မြို့တွင် အင်တာနက်လိုင်းများ (၂) ရက်ခန့်သာ ရရှိခဲ့ပြီး ပြန်လည်ပိတ်ထားခံရ

Spread the love

ဖားကန့်မြို့တွင် အင်တာနက်လိုင်းများ (၂) ရက်ခန့်သာ ရရှိခဲ့ပြီး ပြန်လည်ပိတ်ထားခံရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများကို လွတ်လပ်ရေးနေ့ အနီးဇန်နဝါရီလ (၃)ရက်နေ့မှ (၄)ရက်နေ့ထိ ပြန်လည်ရရှိခဲ့သော်လည်း ယခုအခါ အင်တာနက်လိုင်းများကို ပြန်လည် ပိတ်ထားခံခဲ့ရကြောင်း ဖားကန့်မြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

“လွတ်လပ်ရေးနေ့ မတိုင်ခင် (၃)ရက်နေ့ မနက် (၉)နာရီလောက်ထဲက သုံးလို့ရနေတာ Atom (ယခင် telenor) နှင့် Mytel တွေ ရခဲ့တာ ကျန်တဲ့ အော်ပရေတာ တွေမရဘူး၊ (၅)ရက်နေ့ နေ့လယ်လောက်ကြတော့ ပြန်ပိတ်သွားခဲ့တယ်” ဆိုင်းတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်ဒေသခံများအနေဖြင့် IP star ရရှိသည့် အင်တာနက်ဆိုင်တချို့တွင် တစ်နာရီ ငါးထောင်ကျပ်ပေး၍ အသုံးပြုနေရကြောင်း ဆိပ်မူကျေးရွာနေဒေသခံတစ်ဦးက ပြောသည်။

“အခုက wifi အင်တာနက်ရတဲ့ ဆိုင်တွေမှာ တစ်နာရီကို (၅၀၀၀) ကျပ်လောက်ပေးသုံးရတယ်၊ အသုံးပြုသူများရင်တော့ လိုင်းတွေမကောင်းတာတွေရှိတယ်၊ အခုလို အင်တာနက်တွေ ဖြတ်တောက်ခံရတော့ သတင်းတွေ မသိရတော့ဘူး အခက်အခဲတွေက အများကြီးပဲတွေ့ရတယ်” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ခန့် မှ စတင်ကာ မိုဘိုင်းဒေတာ အင်တာနက်လိုင်းနှင့် ဝိုင်ဖိုင်လိုင်းများ ဖြတ်တောက်ခံခဲ့ရပြီး အလားတူ (၂၀၂၂) ခုနှစ် ဇန်နဝါရီလ ပထမ အပတ်ခန့်ကလည်း အင်တာနက်လိုင်းများရရှိခဲ့ကာ (၅)ရက်ခန့်အကြာတွင် ပြန်လည် ပိတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။