Trending Now

မိုးကောင်းတွင် အထောက်အထားမဲ့ဝင်ရောက်လာသော တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိ

Spread the love

EPN
မိုးကောင်း၊ ဧပြီ ၉
ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်ကထောင်ကျေးရွာရှိ မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ဧပြီ ရက်နံနက်၉နာရီအချိန်ခန့်က ..(၃၈၁)မှ ဗိုလ်ကြီးစိုးမိုးဦးစီးတပ်ဖွဲ့ဝင်များ၊ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်ထွန်းဦး၊ လ/ထလ..ကမှူ ဦးဇေယျာစိုးတို့သည်ယာဉ်ဝင်/ထွက်စစ်ဆေးဆောင်ရွက်နေစဉ်လဝါးဘက်မှကုန်စိမ်းပို့ဆောင်ပြီးပြန်လာသော နမ္မတီးမြို့နေဦးတင်နိုင်ဝင်း(၄၀)နှစ်မောင်းနှင်သည့်စက်တပ်ယာဉ်ဆိုက်ကားအားလဝါးနမ္မတီးလမ်းကြောင်းအတိုင်းမောင်းနှင်လာစဉ်လမ်း၌လူတစ်ဦးမှတားဆီး၍လမ်းကြုံလိုက်ပါလိုကြောင်းတားသဖြင့်တင်ဆောင်မောင်းနှင်လာပြီးအဆိုပါလူအားစကားပြောကြည့်ရာဗမာလိုပြောဆိုနိုင်ခြင်းမရှိသဖြင့်မရန်ကထောင်စစ်ဆေးရေးဂိတ်အရောက်ဦးတင်နိုင်ဝင်းမှရောက်ရှိအပ်နှံသဖြင့်စစ်ဆေးရာလမ်းကြုံလိုက်ပါလာသူမှာတရုတ်ပြည်ရှုးတိုမြို့နေလျှပ်စစ်လုပ်ငန်းလုပ်ကိုင်သူHAU KYW FU()ဟောင်ကျင်ဖု(၄၈)နှစ်ဖြစ်ကြောင်းစစ်ဆေးသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဦးLယော်ထုန်မှ တရားလိုပြုလုပ်၍ HAU KYW FU() ဟောင်ကျင်ဖု(၄၈)နှစ်အား မိုးကောင်းမြို့မရဲစခန်း၌..ကအက်ဥပဒေပုဒ်မ၁၃() ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ချိုမောင
———————————————

မိုးကောင်းတွင် အထောက်အထားမဲ့ဝင်ရောက်လာသော တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီးရမိ

EPN
မိုးကောင်း၊ ဧပြီ ၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ဝင်ရောက်လာသော တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်ကထောင်ကျေးရွာရှိ မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဧပြီ ၉ ရက်နံနက် ၉နာရီအချိန်ခန့်က ခ.မ.ရ(၃၈၁)မှ ဗိုလ်ကြီးစိုးမိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်ထွန်းဦး၊ လ/ထလ.ဝ.ကမှူ း ဦးဇေယျာစိုးတို့သည်ယာဉ်ဝင်/ထွက်စစ်ဆေးဆောင်ရွက်နေစဉ် လဝါးဘက်မှ ကုန်စိမ်းပို့ဆောင်ပြီး ပြန်လာသော နမ္မတီးမြို့နေဦးတင်နိုင်ဝင်း(၄၀)နှစ်မောင်းနှင်သည့်စက်တပ်ယာဉ်ဆိုက်ကားအား လဝါး နမ္မတီး လမ်းကြောင်းအတိုင်းမောင်းနှင်လာစဉ်လမ်း၌လူတစ်ဦးမှ တားဆီး၍ လမ်းကြုံလိုက်ပါလိုကြောင်း တားသဖြင့် တင်ဆောင်မောင်းနှင်လာပြီး အဆိုပါလူအား စကားပြောကြည့်ရာ ဗမာလိုပြောဆိုနိုင်ခြင်း မရှိသဖြင့် မရန်ကထောင်စစ်ဆေးရေးဂိတ်အရောက် ဦးတင်နိုင်ဝင်းမှ ရောက်ရှိအပ်နှံသဖြင့် စစ်ဆေးရာ လမ်းကြုံလိုက်ပါလာသူမှာ တရုတ်ပြည် ရှုးတိုမြို့နေလျှပ်စစ်လုပ်ငန်းလုပ်ကိုင်သူ HAU KYW FU(ခ)ဟောင်ကျင်ဖု(၄၈)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူ း ဦးLယော်ထုန်မှ တရားလိုပြုလုပ်၍ HAU KYW FU(ခ) ဟောင်ကျင်ဖု(၄၈)နှစ်အား မိုးကောင်းမြို့မရဲစခန်း၌ လ.ဝ.ကအက်ဥပဒေပုဒ်မ၁၃(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ချိုမောင်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။