Trending Now

Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရမည့် သတိပေး လက်ကမ်းစာစောင်များဖြန့်ဝေ

Spread the love

Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရမည့် သတိပေး လက်ကမ်းစာစောင်များဖြန့်ဝေ

EPN
မိုးကောင်း၊ မေ ၂၂

မိုးကောင်းမြို့နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မေ (၂၃) ရက်‌နေ့မှစ၍ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် Mask တပ်ဆင်အသုံးပြုရန်နှင့် တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရမည့် လက်ကမ်းစာစောင်များကို နန်းခွင်ကျေးရွာ ပူး‌ပေါင်းဂိတ်၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန်းခွင်ကျေးရွာပူး‌ပေါင်းဂိတ်တွင် မေ (၂၁)ရက် နံနက်(၇)နာရီက COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းဦးစီးသော ပူးပေါင်းအဖွဲ့ သည် မေ (၂၃) ရက်‌နေ့မှစ၍ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် Mask တပ်ဆင်အသုံးပြုရန်နှင့် တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရမည့် လက်ကမ်းစာစောင်များကို ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသော ကိုယ်ပိုင်ယာဉ်၊ မော်‌တော်ဆိုင်ကယ်နှင့် ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များအား ဖြန့်ဝေပေးအပ်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မေ (၂၃)ရက် နေ့မှစ၍ မည်သူမဆို မိမိတို့၏နေအိမ်ပြင်ပသို့ ထွက်မည်ဆိုပါက Mask တပ်ဆင်ပြီးမှသာ ထွက်ကြပါရန်၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၊ လမ်းများ၊ ဈေးများ၊ စားသောက်ဆိုင်များတွင် Mask တပ်ဆင်ခြင်းမရှိသည်ကို မြို့နယ် စစ်‌ဆေးရေး အဖွဲ့များမှ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ (၁၀၀၀) ကျပ် ပေးဆောင်ရန်နှင့်လက်တွေ့တပ်ဆင်ရန် Mask တစ်ခုပြန်လည်ပေးအပ်သွားမည်ဖြစ်ကာ ရရှိသည့် ဒဏ်ဆောင်ငွေများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲသွားမည်ဟု ဖော်ပြပါရှိသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။