Trending Now

နန့်စမ်းချောင်းအတွင်း ရေဆင်းချိုးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Spread the love

နန့်စမ်းချောင်းအတွင်း ရေဆင်းချိုးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

EPN
ဖားကန့်၊ ဇွန် ၁၄

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နန့်စမ်း(၂) ကျေးရွာအနီးရှိ နမ့်စမ်းချောင်းအတွင်း ရေဆင်းချိုးသည့် အသက် (၁၉)နှစ် အရွယ်၊ အမျိုးသားတစ်ဦး ရေနစ် သေဆုံးကြောင်း သိရသည်။

အဆိုပါ နန့်စမ်းချောင်းတွင် ယမန်နေ့ ဇွန်လ ၁၃ရက် ညနေ ၆နာရီခွဲ အချိန်ခန့်က သူငယ်ချင်း (၉)ဦး ရေဆင်းချိုးရာမှ အသက်(၁၉)နှစ်အရွယ်ရှိ မောင်ကိုလေးမှာ ရေနစ်မြှုပ်၍ ပျောက်ဆုံးနေကြောင်း သတင်းပေးပို့ချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှာဖွေရာ ဇွန် ၁၄ ယနေ့၊ (၂)နာရီအချိန်ခန့်တွင် သေဆုံးလျှက် ပြန်လည် ရှာဖွေတွေ့ရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

ရေနစ်သေဆုံးသူမှာ ဦးမောင်အိုက်၏ သားဖြစ်သူ အသက်(၁၉)နှစ် အရွယ်ရှိ မောင်ကိုလေးဖြစ်ပြီး၊ လုံးခင်းရပ်ကွက်(၁)တွင် နေထိုင်သူ ဖြစ်ကြောင်း သိရပြီး ၎င်း၏ ရုပ်အလောင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ယခု ရက်သတ္တပါတ်အတွင်း ရေနစ်မြှုပ်သေဆုံးသည့် ဖြစ်စဉ် (၄)ခု ဖြစ်ပေါ်ခဲ့ပြီး အမျိုးသားနှင့် ကျောင်းသားကလေးငယ် (၇)ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။