Trending Now

ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီကဦးဆောင်မှုဖြင့် (၂၁)ရက် အသွားအလာကန့်သတ်စောင့် ကြည့်နေရာများအား ပိုးသတ်ဆေးဖြန်း

Spread the love

ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီကဦးဆောင်မှုဖြင့် (၂၁)ရက် အသွားအလာကန့်သတ်စောင့် ကြည့်နေရာများအား ပိုးသတ်ဆေးဖြန်း

EPN
ပူတာအို၊ မေ ၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီကဦးဆောင်မှုဖြင့် ပြည်ပနိုင်ငံများမှ ပူတာအိုမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန်ပြည်သူများအား (၂၁)ရက်အသွားအလာကန့်သတ်စောင့်ကြည့်နေရာများအား ပိုးသတ်ဆေးဖြန်း ခြင်းကို မေ(၅)ရက်က ကျေးရွာများအရောက်ကွင်းဆင်းကာ ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီအနေနဲ့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီရေး ကိုဦးစားပေးလုပ်ဆောင်နေပြီး ပူတာအိုမြို့နယ် ကျေးရွာအုပ်စုများရှိ Community Base Facility Quarantine Center (၁၅)နေရာကို ပထမအကြိမ်အနေနဲ့ဆေးဖြန်းခဲ့ပါတယ်။ နောက်ထပ်ပြီး ဆေးဖြန်းခြင်းနဲ့အခြားက များကိုလည်း နိုင်တဲ့၀န်ကနေပါဝင်သွားဖို့ရှိပါတယ် “ ဟု ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီ ဒု-ဉက္ကဌ ဒေါ်ချာ ယော်ရဲ့ကပြောသည်။

“ အခုလိုဆေးဖြန်းတာဟာ ပူတာအိုနေရပ်ပြန်ပြည်သူများဟာရှိနေဆဲဖြစ်တဲ့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက်ဖြစ်သလို အုပ်ချုပ်စီမံတဲ့သူတွေကိုတစ်ဖက်တစ်လှမ်းကနေ ပါဝင်အားဖြည့် ပေး ခြင်းဖြစ်ပါတယ်။ မေလ(၁)ရက်မှစပြီး မြန်မာ့လေကြောင်း ပြန်လည်ပျံသန်းပြေးဆွဲသည့်အတွက် လေဆိပ်မှာ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တွေမှာလည်း ကျွန်မတို့လူငယ်ကော်မတီမှ Volunteer အဖြစ်ပါဝင်လုပ် ဆောင်နေပါတယ်။အခု Quarantine Center များကိုသွားရောက်လေ့လာပြီး အားပေးစကား ပြောတဲ့အခါမှာ နေ ရပ်ပြန်ပြည်သူများဟာ ညွှန်ကြားချက်များကိုကြည်ဖြူစွာနဲ့လိုက်နာပြီး သတ်မှတ်ရက် ကုန်ဆုံးသည်အထိ နေ ထိုင်ဖို့အသင့်ရှိကြောင်းလည်းတွေ့ရသလို အားလုံးနေကောင်းကျန်းမာနေတာလည်း တွေ့ရှိရပါတယ် “ ဟု၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါပိုးသတ်ဆေးဖြန်းခြင်းကို Community Base Facility Quarantine Center များဖြစ်သည့် အမက-လယ်မယ်ဝါချီကျောင်း၊အထက(ခွဲ)-ပမ္မတီးကျောင်း၊ အလက-နမ်ရှယ်ကော့ကျောင်း၊ အမက-ဆထီလော်ကျောင်း၊အလက-အထက်ရှန်ဂေါင်ကျောင်း၊ အထက(ခွဲ)နမ်ဟော့ကျောင်းများနှင့် ပူတောင်းကျေးရွာ အုပ်စု လယ်မယ်ဝါချီကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲသို့သွားရောက်ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာ ကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။