Trending Now

မိုးညှင်းမြို့တွင် Covid-19 Quarantine ဝင်နေသူများအား ငွေနှင့်အစားအသောက်များ ထောက်ပံ့

Spread the love

မိုးညှင်းမြို့တွင် Covid-19 Quarantine ဝင်နေသူများအား ငွေနှင့်အစားအသောက်များ ထောက်ပံ့

EPN
မိုးညှင်း၊ မေ ၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် Quarantine Centre များဖြသ်သော ပုညရှင်စက္ခုပါလဆေးရုံနှင့် အမှတ်(၁) အထက်တန်းကျောင်းတို့တွင် Covid-19 ကြောင့် Quarantine ဝင်နေကြသူများအား မေလ (၉)ရက်နေ့ နံနက် (၈)နာရီအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အစားအသောက်နှင့်ငွေများ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါအစားအသောက်နှင့်ငွေကြေးထောက်ပံ့ရာသို့ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်း ခရိုင်ပါတီဥက္ကဌ ဦးစိန်ဝင်းထွန်း မြို့နယ်ကော်မတီဝင် ဦးခိုင်ဇော်ထွန်းတို့သည် စက္ခုပါလဆေးရုံရှိ စောင့်ကြည့်ခံ ပြည်သူများ နှင့်တာဝန်ရှိသူများအတွက် အလှူငွေကျပ် (၁၀၀၀၀၀) ထောက်ပံ့လှူဒါန်းခဲ့ပြီး နေ့လယ်(၁၁)နာရီအချိန်တွင် အမှတ်(၁) အထက်တန်းကျောင်းရှိ စောင့်ကြည့်ခံပြည်သူများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၃၇)ဦးတို့ အတွက် နေ့လယ်စာ ထမင်း/ဟင်းနှင့် သောက်ရေသန့်ဘူးများကို သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ထောက်ပံ့ငွေနှင့်အစားအသောက်ပေးအပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်‌နယ်ကော်မတီဝင် ဦးစိုးဝင်း၊ ခရိုင်ပါတီဥက္ကဌ ဦးစိန်ဝင်းထွန်း၊ ခရိုင်ကော်မတီဝင်ဦးကျော်ဌေးလှိုင်၊ မြို့နယ်ကော်မတီဝင် ဦးခိုင်ဇော်ထွန်း၊ ဦးမြလွင်၊ လူငယ်(ဒု)ခေါင်းဆောင် မစိုးဟေမာ၊ မ‌ဝေဝေအောင်တို့ လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။