Trending Now

လွိုင်လင်မြို့တွင် ငွေကျပ် ၄၀ ဘီလီယံကျော်တန်ဖိုးရှိ Ice မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိ

Spread the love

လွိုင်လင်မြို့တွင် ငွေကျပ် ၄၀ ဘီလီယံကျော်တန်ဖိုးရှိ Ice မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိ

EPN
ရန်ကုန်၊ မေ ၂၉

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီးတွင် ငွေကျပ် ၄၀ ဘီလီယံကျော်တန်ဖိုးရှိ Ice မူးယစ်ဆေးဝါး များအား မေလ ၂၄ ရက် နံနက် ၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးကားလမ်းတွင် ၁၂ ဘီးယာဉ်အမျိုး စားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာတွင် ယာဉ်အတွင်းမှ Ice ၁၆၁၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယာဉ် မောင်း ခွန်စံဦး (၄၃)နှစ်၊ ယာဉ်နောက်လိုက် ဝေလင်းထွန်း (၃၇) နှစ်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့၀င်များမှ စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အမှုတွင် ပါ၀င်ပတ်သက်သူများဖြစ်သည့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကျွန်းချောင်းအုပ်စု၊ လေးဖာထောကျေးရွာနေ ကိုသူ(ခ)မြင့်သူ၊ ကိုဖြူ နှင့် မိုင်းရှူးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာအုပ်စု၊ ၀မ်ဆော့ကျေးရွာနေ ကိုစိုင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

အလားတူပင် ၎င်းတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။