Trending Now

ထိုင်းနိုင်ငံမှာ ဘတ်စ်ကား တိမ်းမှောက်လို့ မြန်မာလုပ်သား ၃ ဦးအပါအဝင် ၄ ဦးသေ အများအပြားဒဏ်ရာရ

Spread the love

ထိုင်းနိုင်ငံမှာ ဘတ်စ်ကား တိမ်းမှောက်လို့ မြန်မာလုပ်သား ၃ ဦးအပါအဝင် ၄ ဦးသေ အများအပြားဒဏ်ရာရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နိုဝင်ဘာ ၂၉ ရက်နေ့ညပိုင်းက မြန်မာလုပ်သား ၄၅ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

ဘတ်စ်ကားတိမ်းမောက်မှုကြောင့် မြန်မာလုပ်သား သုံးဦး နဲ့ ထိုင်းယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ပြီး လူပေါင်း ၄၀ ကျော် ဒဏ်ရရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန တစ်ခုရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားဟာ မဲဆောက်မြို့ကနေ တာ့ခ်မြိုကို သွားတဲ့ လမ်းမ‌ပေါ်မှာ နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီအချိန်ခန့်က ဘရိတ်ပေါက်ပြီး လမ်းဘေးကိုထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာလုပ်သားတွေဟာ MoU စနစ်နဲ့ တရားဝင်ရောက်ရှိလာသူတွေဖြစ်ပြီး ထိုင်းနိုင်ငံ ဟတ်ယိုင် ခရိုင်က စက်ရုံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိနေတဲ့ သူတွေလို့ သိရပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို တာဝန်ရှိသူတွေက ခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး မတော်တဆမှုဖြစ်ပြီးနောက် မဲဆောက်ခရိုင် မြန်မာကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေက ဒဏ်ရာရရှိသူတွေကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

— ကိုးကား —
thaipbsworld


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။