Trending Now

မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၃-၂၄ ပညာသင်နှစ်မှာ ကိုယ်ပိုင်အထက်တန်း ကျောင်း သုံးဆယ်ကျော် ဖွင့်ထား

Spread the love

မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၃-၂၄ ပညာသင်နှစ်မှာ ကိုယ်ပိုင်အထက်တန်း ကျောင်း သုံးဆယ်ကျော် ဖွင့်ထား

 

EPN

မြစ်ကြီးနား၊ မေ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင် ယခု၂၀၂၃-၂၄ ပညာသင်နှစ်၌ ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း သုံးဆယ် ကျော် အထိ ဖွင့်ထားပြီ ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

မြစ်ကြီးနားခရိုင်အတွင်း၌ ပြီးခဲ့သည့် ပညာသင်နှစ်ထက် ယခုနှစ် ပညာသင်နှစ်တွင် ကိုယ်ပိုင် အထက်တန်းကျောင်း အများစု ပြန်လည်ဖွင့်လာကြပြီဟု မြစ်ကြီးနားခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“မြစ်ကြီးနားခရိုင်မှာ အခုနှစ် ပညာသင်နှစ် မှာ ကိုယ်ပိုင်အထက်တန်းကျောင်း အများစု ပြန်ဖွင့်လာကြတယ် အရင်နှစ်တွေထက်စာရင် ဒီနှစ် ပိုများလာတယ်” ဟု ၎င်း က ပြောပြသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် မြစ်ကြီးနားခရိုင်အတွင်း၌ အထက်တန်း၊အလယ်တန်း၊ မူလတန်း ပါဝင်သည့် ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း (၂၉) ကျောင်းသာ ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ် ပညာသင်နှစ်တွင် အထက်တန်း၊အလယ်တန်း၊ မူလတန်း ပါဝင်သည့် ကိုယ်ပိုင်အထက်တန်းကျောင်း (၃၄) ကျောင်းအထိ ထပ်မံ တိုးချဲ့ဖွင့်လှစ် လာကြကြောင်း သိရသည်။

မြစ်ကြီးနားခရိုင်အတွင်း၌ ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၃၅) ကျောင်း ရှိသည့်အနက် ဝိုင်းမော်မြို့နယ် အတွင်းက ကိုယ်ပိုင်အထက်တန်း ကျောင်း တစ်ကျောင်းသာ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ယခုပညာသင်နှစ်တွင် မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်း (၃၄) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၈၂၈) ဦး အထိ အပ်နှံ ထားရှိ‌နေပြီဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ကချင်တစ်ပြည်နယ်လုံးတွင် အထက်တန်း၊အလယ်တန်း၊ မူလတန်း စသည့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၇၆) ကျောင်း အထိ ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။