Trending Now

ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားတဲ့ မြန်မာနိုင်ငံသား ၇၉ ဦး ဖမ်းဆီးခံရ

Spread the love

ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားတဲ့ မြန်မာနိုင်ငံသား ၇၉ ဦး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ မတ် ၃၀

နှစ်ရက်အတွင်း ထိုင်းနိုင်ငံ သောင်းဖဖွမ်းခရိုင်အတွင်းကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်းကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေဟာ ကလေးငယ် ရှစ်ဦးအပါအဝင် မြန်မာအမျိုးသား ၆၆ ဦး နဲ့ အမျိုးသမီး ၁၃ ဦးတို့ဖြစ်ကြပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဘုရားသုံးဆူဘက်ကနေ ခြေလျင်နယ်စပ်ဖြတ်ကျော်ခဲ့ကြတာလို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေနဲ့အတူ မှောင်ခိုသမား ငါးဦးကို ပါဖမ်းဆီရမိခဲ့ပြီး အားလုံးကို ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Ref; Bangkokpost


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။