Trending Now

ချီဖွေ-ဖီမော် – ဆော့လော်လမ်း တောင်သုံးလုံး လမ်းပိုင်း ၌ ဆိုးဆိုးရွားရွား ပျက်စီးနေ

Spread the love

ချီဖွေ-ဖီမော် – ဆော့လော်လမ်း တောင်သုံးလုံး လမ်းပိုင်း ၌ ဆိုးဆိုးရွားရွား ပျက်စီးနေ

EPN
ချီဖွေ၊ ဇွန် ၃၀

ချီဖွေ – ဖီမော် – ဆော့လော်လမ်းပိုင်းရှိ တောင်သုံးလုံး လမ်းပိုင်း ၌ ဆိုးဆိုးရွားရွား ပျက်စီးနေ သည်ဟု ဒေသခံများထံက သိရသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်၊ ကချင်အထူးဒေသ ၁ ချီဖွေခရိုင်အတွင်းရှိ ဖွေ – ဖီမော် – ဆော့လော်လမ်းပိုင်းရှိ တောင်သုံးလုံး လမ်းပိုင်း ၌ ဆိုးဆိုးရွားရွား ပျက်စီးနေ သည်ဟု ဇွန် ၃၀ ရက်နေ့တွင် ဒေသခံ တစ်ဦးက EPN သတင်းဌာနသို့ ဆက်သွယ်ပြောပြသည်။

“ဒီရက်ပိုင်း မိုးများတယ် မြေသားလမ်းဆိုတော့ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေတာ၊ အသွားအလာ လုံးဝအဆင်အပြေတော့ဘူး ဆိုင်ကယ်တွေတောင် တန်းထိုးပြီး တွန်းသွားနေရတယ် မိုးဆက်ရွာရင် ပိုးဆိုးဖို့ပဲရှိတယ်” ဟု အဆိုပါ လမ်းပိုင်း အခြေအနေကို ၎င်း က ဆိုသည်။

ယင်း လမ်းပိုင်းသည် နှစ်စဉ် မိုးရာသီ ရောက်တိုင်း တောင်ပြိုမှုနှင့် မြေသားလမ်းပိုင်း ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လမ်းပျက်စီးမှုကြောင့် အသွားအလာ ခက်ခဲသည့် နေရာလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ချီဖွေ-ဖိမော်လမ်းပိုင်း နိုဇွန်ဘော်ကျေးရွာနှင့် ချစ်ဂေါ့ကျေးရွာကြား လမ်းတွင် တောင်ပြိုလမ်းပိတ်နေမှုဖြစ်ပွားခဲ့ပြီး ဆန်းလင်းကုမ္ပဏီက ရှင်းလင်းပြုပြင် ဆောင်ရွက်ပေးခဲ့သဖြင့် ပြန်လည်ကောင်းမွန် သွားသည်ဟု သိရသည်။

ချီဖွေခရိုင် ချီဖွေမြို့နယ် ချီဖွေ ပန်ဝါ လမ်းပိုင်း၊ ချီဖွေ ဆော့လော် စသည့် လမ်းပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက လမ်းပိုင်းပျက်စီးခြင်း၊ တောင်များပြို၍ လမ်းပိတ်ဆို့်မှုများ ဖြစ်ပွားလေ့ရှိကာ ဖြတ်သန်းသွားလာသူများ မကြာခဏ အခက်အခဲ ကြုံတွေ့ရလေ့ရှိသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။