Trending Now

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် မီးဘေးသင့် အိမ်ထောင်စု (၂၀၀)နီးပါးအတွက် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးအပ်ခဲ့

Spread the love

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် မီးဘေးသင့် အိမ်ထောင်စု (၂၀၀)နီးပါးအတွက် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးအပ်ခဲ့

EPN
မြစ်ကြီးနား ၊ ဩဂုတ် ၁၇

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးအတွင်းက ထွက်ပြေးတိမ်းရှောင်လာသည့် မီးဘေးသင့် အိမ်ထောင်စု (၂၀၀)နီးပါး အတွက် လူသုံးကုန် ပစ္စည်းများ ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဖားကန့်မြို့နယ် ကြက်ခြေအသင်းတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဖားကန့်မြို့ နန့်မဖြစ်ကျေးရွာ ၊ မှော်စီဆာ ကျေးရွာနှင့် ဟောင်းပါးကျေးရွာတို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်နေရပြီး စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

“ဆယ်ဇင်းကျေးရွာဘက်က တိုက်ပွဲအတွင်း မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု နှစ်ရာနီးပါကို အမျိုးသမီး အသုံးဆောင်ပစ္စည်း ၊အမျိုးသားအသုံးဆောင်ပစ္စည်းနဲ့ စောင် ၊ခြင်ထောင်တွေကို သွားရောက် ထောက်ပံ့ပေးခဲ့တယ် ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက် သွားရောက်ထောက်ပံ့ခဲ့တာ ဖြစ်တယ် “ဟု ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် အိမ်ထောင်စု ၇၃ စုအား ဇူလိုင် ၂၆ ရက်နေ့က ပထမအကြိမ်အဖြစ် သွားရောက်လှူဒါန်းခဲ့သလို ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၃၁ ရက်နေ့က အိမ်ထောင်စု ၄၂ စုအတွက် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပြီး ယခုတစ်ကြိမ် အိမ်ထောင်စု ၂၀၀ နီးပါးအား လှူဒါန်းမှုမှာ တတိယအကြိမ်ဖြစ်ကြောင်း ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့ထံမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။