Trending Now

ဝိုင်းမော်မြို့နယ်တွင် စိတ်ကြွဆေးပြား (၃၇၀၀)ကျော်နှင့် ရောင်းချသူ အမျိုးသမီး ၂ဦးဖမ်းဆီးရမိ

Spread the love

ဝိုင်းမော်မြို့နယ်တွင် စိတ်ကြွဆေးပြား (၃၇၀၀)ကျော်နှင့် ရောင်းချသူ အမျိုးသမီး ၂ဦးဖမ်းဆီးရမိ

EPN

မြစ်ကြီးနား ၊ မေလ ၁၀

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့(မေလ ၉ ရက်နေ့) ညနေ ၅ နာရီခန့်က အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၇၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မြစ်ကြီးနား-ဝိုင်းမော်သွားကမ်းလမ်း ဘေး မိုင်းနားကျေးရွာဆိုင်းဘုတ် အနီးမှာ သတင်းအရ စောင့်ဆိုင်းစဥ် မမိုးမိုးစီးနှင့်လာသည့် မော်တော်ဆိုင်ကယ်ကို တားဆီးစစ်ဆေးခဲ့ရာ ဆိုင်ကယ် ရှေ့ ဂွကြားတွင် တင်ဆောင်ထားသော Nizoral စာတမ်းပါ အဖြူရောင်ကြွပ်ကြွပ် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော တံဆိပ်မပါ ပန်းရောင် ဆေးပြား ၁၈၅ ပြားစီပါ ၂၀ ထုပ်၊ စုစုပေါင်းဆေးပြား ၃၇၀၀ ပြား၊ ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် (၇၄)သိန်းကျပ် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူကို စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ သည် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နေ မ ရွယ်ဂရောင် ထံမှ ဝယ်ယူလာသောပစ္စည်းများ ဖြစ်ကြောင်းနှင့် ဖမ်းဆီးမိသည့်နေရတွင် ဆွေ့ဆုံရန် စီစဥ်ထားကြောင်းသိရသည်။

ထို့နောက် မရွယ်ဂရောင် ကို ဆက်လက် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ မမိုးမိုးနှင့် မရွယ်ဂရောင် ဝိုင်မော်မြို့နယ် ရဲစခန်းတွင် အမူဖွင့်အရေးယူဆောင်ရွက်ရန် စီစဥ်နေကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။